နိုဘယ်လ်ဆုရ ရုရှားသတင်းသမားက ဆုတံဆိပ်ကို ဒေါ်လာသန်း ၁၀၀ ကျော်နဲ့ရောင်းချပြီး ယူကရိန်း ပြည်သူတွေကို ကူညီ

၀ါရှင်တန်၊ ဇွန်-၂၁-၂၀၂၂
မျိုးဆက်(VOM)

ရုရှားသတင်းသမားတဦးဟာ ယူကရိန်းပြည်သူတွေကို ကူညီဖို့အတွက် သူရရှိခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုတံဆိပ်ကို ဒေါ်လာသန်း ၁၀၀ ကျော်နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။

ရုရှားသတင်းသမားတဦးဖြစ်တဲ့ Dmitry Muratov ဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပြီးခဲ့တဲ့နှစ်ကရရှိခဲ့တာဖြစ်ပြီး ဇွန် ၂၀ရက်က အမေရိကန်မှာ လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်လာ ၁၀၃ ဒသမ ၅ သန်းရရှိခဲ့တယ်လို့ လေလံကုမ္ပဏီက ပြောပါတယ်။

အဲဒီဆုတံဆိပ်ကို ဘယ်သူက၀ယ်ယူသွားတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ သူရရှိတဲ့ ငွေအားလုံးကို ယူကရိန်းက စစ်ဘေးရှောင်ကလေးငယ်တွေအတွက် ယူနီဆက်ဖ်ရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေမှာ သုံးစွဲသွားမှာဖြစ်ပါတယ်။

Dmitry Muratov ဟာ လွတ်လပ်တဲ့ ရုရှားသတင်းစာတစောင်ဖြစ်တဲ့ Novaya Gazeta ရဲ့အယ်ဒီတာချုပ်ဖြစ်ပြီး ဖိလစ်ပိုင်သတင်းသမားတဦးဖြစ်တဲ့ Maria Ressa အတူ နိုဘယ်လ်ဆုကို ၂၀၂၁ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။

Dmitry Muratov ဟာ ယူကရိန်းကိုရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ရုရှားအစိုးရက သတင်းမီဒီယာတွေအပေါ် တင်းကြပ်တဲ့ ထိန်းချုပ်မှုတွေပြုလုပ်ပြီးနောက်မှာတော့ သူ့ရဲ့သတင်းဌာနကို ရပ်ဆိုင်းထားခဲ့ပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW