မဲခေါင်မြစ်အတွင်းမှ ၆၆၁ ပေါင်ရှိ ကမ္ဘာ့အကြီးဆုံးရေချိုးငါး ဖမ်းမိ

ဖနွမ်းပင်၊ ဇွန်-၂၁-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်းမှ ဖမ်းမိတဲ့ ၆၆၁ ပေါင်အလေးချိန်ရှိတဲ့ ရေချိုငါးတစ်ကောင်ဟာ မှတ်တမ်းတင်ထားဖူးသမျှထဲမှာ အကြီးဆုံးရေချိုငါးဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အဲဒီငါးဟာ ၂၀၀၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ၆၄၆ ပေါင်ရှိတဲ့ မဲခေါင်ရေချိုငါးရဲ့ အကြီးဆုံးအဖြစ်သတ်မှတ်ထားတဲ့ စံချိန်ကို ချိုးခဲ့ပါတယ်။

တိုက်ကြီးခြောက်တိုက်ရှိ မြစ်ချောင်းအင်းအိုင်တွေမှာ ကြီးမားတဲ့ရေချိုငါးတွေကို ရှာဖွေသုတေသနပြုရာမှာ ယခုဖမ်းမိသောငါးဟာ နှစ်ပေါင်း ၂၀ အတွင်း မိမိတို့တွေ့ရှိခဲ့ရတဲ့ အကြီးဆုံးရေချိုငါး ဖြစ်ကြောင်း မဲခေါင်မြစ်ရဲ့ ဇီ၀မျိုးကွဲတွေကိုလေ့လာနေတဲ့ ဇီဝဗေဒပညာရှင် ဇက်ဘ်ဟိုဂန်ကပြောပါတယ်။

ကမ္ဘာ့အကြီးဆုံးရေချိုငါးအဖြစ် တရား၀င်မှတ်တမ်း သို့မဟုတ် အချက်အလက်တွေကတော့ မရှိသေးပါဘူး။

မဲခေါင်ဖြစ်ဟာ ဇီ၀မျိုးကွဲတွေ ပေါကြွယ်ဝပေမယ့်လည်း ငါးအလွန်အကျွံဖမ်းဆီးခြင်း၊ ဆည်တွေတည်ဆောက်ခြင်းနဲ့ ရေထုညစ်ညမ်းမှုတို့ကြောင့် ဂေဟဗေဒစနစ်ကို ခြိမ်းခြောက်နေပါတယ်။

မဲခေါင်းမြစ်ဟာ တိဗက်ကုန်းပြင်မြင့်မှ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်တစ်စင်းဖြစ်ပါတယ်။

Ref: BBC
Photo: WONDERS OF THE MEKONG
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW