ကံတလူတိုးလ်ဂိတ်မှာ ကုန်တင်ကား ၁ စီးပေါ်ကနေ လက်နက်ခဲယမ်းတွေ ဖမ်းမိ

ဇွန် ၊ ၂၃ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ မန္တလေး – မုံရွာ ကားလမ်း ၊ ကံတလူတိုးလ်ဂိတ်မှာ မနေ့ ဇွန် ၂၂ ရက် ညပိုင်းက လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကား ၁ စီး ဖမ်းဆီခံခဲ့ရတယ်လို့ တိုးလ်ဂိတ် ဝန်ထမ်းအသိုင့်းအဝိုင်းကနေ သိရပါတယ်။

.” ဖမ်းခံရတဲ့ကားက ၁၂ ဘီး ၊ ကုန်တင်ကားဖြစ်တယ် ၊ ကားနံပါတ်က MDY 2D / 67….ဖြစ်တယ် ၊ မန္တလေးဘက်ကနေ မုံရွာဘက်ကို ဦးတည်အလာ ဖမ်းမိတာပါ”လို့ အဲ့ဒီတိုးလ်ဂိတ်နဲ့ နီးစပ်သူတယောက်ကပြောပါတယ်။

စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်​က ” အထူးစစ်ဆေးရေးအဖွဲ့ (အထက်မြန်မာပြည်)က စစ်ဆေးတဲ့အခါ ယာဉ်နောက်ခန်းအတွင်းက တူရကီနိုင်ငံထုတ် PANZER ARM BP ၁၂ ဖို့ SLISE GUN သေနတ် ၄ လက်၊ M 21 ဒင်ပြောင်းအမျိုးအစားသေနတ် ၁ လက်၊ ကျည် ၂၀ ထောင့်ဆံ့ PANZER ကျည်အိမ်အရှည် ၄ ခု၊ ကျည် ၁၀ တောင့်ဆံ့ PANZER ကျည်အိမ်အတို ၄ ခု၊ အီနာဂါဗုံးသီး ၁ လုံး၊ တရုတ်လက်ပစ်ဗုံး ၃ လုံး၊ KIA ထုတ် ၇ ဒဿမ ၆၂ ကျည် ၄၁ တောင့်၊ THAI Arm စာတန်းပါ ၉ မမ ပစ္စတိုကျည် ၂၄၀၀ တောင့်၊ ၁၂ ဗို့ကျည် (အဖြူ) ၁၇၆၀ တောင့်၊ ၁၂ ဗို့ကျည် (အပြာ) ၁၇၀၀ တောင့်၊ ၁၂ ဗို့ကျည် (အနီ) ၂၅၀ တောင့်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ ပွိုင့် ၂၂ ကျည် ၅၀၀ တောင့်၊ လက်လုပ် ၄၀ မမ ဗုံးသီး ၂ လုံး၊ ယမ်းကြိုး ၅ ချောင်း၊ ပိုတက်စီယမ်ကလိုရိုက် (၂၅) ကီလိုခန့် ၆ ထုပ်၊ ကယ်လ်စီယံနိုက်ထရိတ် ၅၀ ကီလိုခန့် ၁ ထုပ်၊ ပေါင်ဒါမှုန့်ဟု ယူဆရတဲ အထုပ် ၁၀ ထုပ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံတွေကို အရေးယူနိုင်ရေး လူပ်နေပါတယ် “လို့ ပြောပါတယ်။

ဇွန် ၂၁ ရက်ကလည်း စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ် အစပ် နမ့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖားကန့်ကနေ မန္တလေးဘက်ကို မောင်းလာတဲ့ ခရီးသည်တင်အိမ်စီးကားပေါ်ကနေ လက်နက်ခဲယမ်းတွေနဲ့အတူ ကျောက်စိမ်းတုံးတွေ ဖမ်းမိတာလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီလဆန်းပိုင်းက မကွေးမြို့ဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ရေစကြိုမြို့ကနေ ရန်ကုန်ကို မောင်းလာတဲ့ ကြက်သွန်ကားပေါ်ကနေ မောင်းပြန်ရိုင်ဖယ် သေနတ်တွေ ဖမ်းမိတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ကံတလူတိုးလ်ဂိတ် #လက်နက်တွေမိ

Related posts

Leave a Comment

VOM News

FREE
VIEW