ဒေါက်တာမျိုးအောင်ကို ထောင် ၁၅ နှစ်ထပ်ချပြီး ဦးရဲမင်းဦးနဲ့ ဦးမင်းသူကို ထောင်၃ နှစ်စီအမိန့်ချ

ဇွန် ၂၃-၂၀၂၂
VOM (GG)

နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင် ကို အဂတိမှုနဲ့ ထောင် ၁၅ နှစ်ချပြီး ဒုတိယမြို့တော်၀န်ဟောင်း ဦးရဲမင်းဦး အပါအဝင်နဲ့ ဦးမင်းသူတို့ကို ထောင် ၃ နှစ်စီချလိုက်တယ်လို့သိရပါတယ်။

မနေက ဇွန်လ ၂၂ ရက်နေ့က နေပြည်တော် အချုပ်ထောင်တွင်း အထူးတရားရုံးမှာ ထောင်ဒဏ်ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။

” မနေ့က အမိန့်ချလိုက်တာဟုတ်တယ်။ ဒေါက်တာမျိုးအောင်က အဂတိငါးမှုအတွက် တမှုကို ၃ နှစ်နဲ့ ၁၅ နှစ်ချလိုက်တာ ၊အသေးစိတ်ကတော့ မသိရသေးဘူး “လို့တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။

ဒေါက်တာမျိုးအောင် အနေနဲ့ အရင်ကလည်း ရာဇသတ်ကြီးဉပဒေပုဒ်မ ၅၀၅(ခ) နဲ့ ၂နှစ်ချမှတ်ခံထားရတာကြောင့် စုစုပေါင်းထောင်ဒဏ် ၁၇ နှစ်အထိ ချမှတ်ခံထားရပြီဖြစ်ပါတယ်။

အလားတူ ဦးရဲမင်းဦးသည်လည်း ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က အဂတိအမှုငါးမှုအတွက် ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံထားရတာဖြစ်လို့ အခုဆိုရင် စုစုပေါင်း ထောင် ၁၈ နှစ်အထိ ချမှတ်ခံထားရတာဖြစ်ပါတယ်။

ဦးရဲမင်းဦးဟာ နေပြည်တော် ဒုမြို့တော်ဝန်နဲ့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ တာဝန်တို့အပါအဝင် ရန်ကုန်တိုင်း စီမံ၊ ဘဏ္ဍာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒေါက်တာမျိုးအောင်ကိုထောင်၁၅နှစ်ထပ်ချ #ဦးရဲမင်းဦးနဲ့ဦးမင်းသူကို ထောင်၃နှစ်စီအမိန့်ချ

Related posts

Leave a Comment

VOM News

FREE
VIEW