ဘီးလင်းမြို့နယ် NLD ပါတီိ ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်း ဖမ်းဆီးခံရ

ဇွန် ၂၃-၂၀၂၂
VOM (GG)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးကျော်မျိုးမင်းဟာ မနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဦးကျော်မျိုးမင်းဟာ ပုဒ်မ ၅၀၅ (က) အပါအဝင် အကြမ်းဖက််တွေနဲ့ အမှုဖွင့်ထားရလို့ နေအိမ်ကနေ တိမ်းရှောင်နေစဉ် အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

” သူက ရှောင်နေရင်းကနေ မနေ့ကမြို့ထဲကို ဆိုင်ကယ်နဲ့လာတာမှာအဖမ်းခံလိုက်ရတာ။သူ့ကိုဖမ်းတော့ သေနတ်နဲ့ပစ်ဖမ်းတာလို့ကြားတယ်။လူတယောက်ကျည်ထိပြီး ဒဏ်ရာရသွားတယ်လို့လည်းကြားပါတယ်”လို့ မိသားးစုနဲ့နီးစပ်တဲ့ ဒေသခံတဦးကပြောပါတယ်။

လက်ရှိ ဦးကျော်မျိုးမင်းကို ဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။

ဦးကျော်မျိုးမင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုပြီး ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်ကာ မဲအနိုင်ရခဲ့သူဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဘီးလင်း #NLDဥက္ကဋ္ဌ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW