မြိုင်မြို့နယ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ လူ ၂ ဦးသေ ၊ ၆ ဦးဒဏ်ရာရ

ဇွန် ၊ ၂၃-၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခု​က္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ထန်းဖူးတောကျေးရွာမှာ မနေ့ ဇွန် ၂၂ ရက် နေ့လယ်ပိုင်းက နေအိမ်ထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၂ ဦးသေဆုံးပြီး ၊ ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဦးစိန်မောင်ရဲ အိမ်ဝန်းထဲမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတာပါ ၊ အိမ်ရှေ့မှာ စကားဝိုင်းဖွဲ့ပြောနေတဲ့ လူတွေကို ပေါက်ကွဲစတွေထိမှန်တယ် ၊ ၅ လသားအရွယ် ကလေးငယ် ၁ ဦးနဲ့ ဒေါ်စောနွယ် ကတော့ သေဆုံးသွားတယ် ၊ ကျန် လူ ၆ ယောက်လည်း ဒဏ်ရာရတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မြိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ နီးစပ်သူတယောက်က”လက်လုပ် လက်နက်ကြီးကျည်ဖြစ်တယ် ၊ အကြမ်းဖက်အဖွဲ့တွေက ပစ်ခတ်တာပါ “လို့ ပြောပါတယ်။

သေဆုံးသူ ၂ ဦးနဲ့ ပတ်သက်ပြီး မြိုင်မြို့နယ်ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ကနေ အခုလအထိ မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက ရေစကြို ၊ မြိုင် ၊ ပေါက် ၊ ဆိပ်ဖြူ မြို့နယ်တွေဘက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ထိမှန်သေဆုံးတာ ၊ ဒဏ်ရာရတာ လူ ၁ ဒါဇင်နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြိုင် #လက်နက်ကြီးကျ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW