အာဖဂန် မြေငလျင်ကြောင့် သေဆုံးသူ ၁၀၀၀ ထက် ပိုများလာနိုင်၊ နိုင်ငံတကာအကူအညီတွေ တာလီဘန်အဖွဲ့ တောင်းခံထား

ကဘူးလ်၊ ဇွန်-၂၃-၂၀၂၂
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်မှာ ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်းမြေငလျင် လှုပ်ခတ်ပြီးနောက် နိုင်ငံတကာက ပံ့ပိုးကူညီမတွေပေးဖို့ တာလီဘန်တို့က တောင်းခံလိုက်ပါတယ်။

အဲဒီမြေငလျင်ကြောင့် လူ ၁၀၀၀ ထက်မနည်းသေဆုံးပြီး ၁၅၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ အပျက်အစီးတွေကြားမှာ နစ်မြုပ်ပျောက်ဆုံးနေသူ အရေအတွက်ကိုတော့ မသိရှိရသေးပါဘူး။

နိုင်ငံအရှေ့တောင်ပိုင်း ပါကစ်တာပြည်နယ်ဟာ ငလျင်ဒဏ်ကို အဆိုးရွားဆုံးထိခိုက်ခဲ့ပြီး ကုလသမဂ္ဂက အမိုးအကာနဲ့ စားနပ်ရိက္ခာအကူအညီတွေ အရေးပေါ်ပေးအပ်နေပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး ပစ္စည်းကိရိယာအရင်းအမြစ်များချို့တဲ့မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေလျှက်ရှိပါတယ်။

ငလျင်ဗဟိုချက်အနီးရှိ ကျေးရွာတွေဟာ လုံး၀ပျက်ဆီးသွားပြီး လမ်းတွေနဲ့ ဖုန်းတာဝါတိုင်တွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူအရေအတွက် မြင့်တက်လာမှာကို တာ၀န်ရှိသူတွေက စိုးရိမ်နေသည်။

နိုင်ငံမှာ ဆယ်စုနှစ်နှစ်ခုအတွင်း အသေအပျောက်အများဆုံး ငလျင်လှုပ်ခတ်မှုဟာ အနောက်အုပ်စု ကျောထောက်နောက်ခံပြုထားတဲ့ အာဖဂန်အစိုးရ ပြိုလဲပြီးနောက် ယမန်နှစ်က အာဏာပြန်ရခဲ့တဲ့ တာလီဘန်တို့အတွက် အဓိကစိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကဘူးလ်

Related posts

✕
VOM News

FREE
VIEW