နန်းတွင်းထဲကို ပစ်ချမယ့် ရှော့တိုက်ဒုံးနဲ့အတူ လူငယ်(၁)ဦးကို ဖမ်းမိ

ဇွန် ၂၄-၂၀၂၂
Voice Of Myanmar

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟိရပ်ကွက်၊ ၂၆ ၂၇လမ်းကြား ၇၃ ၇၄လမ်းကြားရှိ သီရိမင်္ဂလာအိမ်ယာ အပေါ်ဆုံးထပ်မှာ နန်းတွင်းထဲကို ပစ်ချမယ် ရှော့ဆိုက်ဒုံး(၂)လုံးနဲ့အတူ လူငယ်တဦးကို ဒီကနေ့မနက်ပိုင်းက စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

“အဲ့ဒီအိမ်ယာ တိုက်အပေါ်ထပ်မှာ အဲ့ဒီကောင်လေးကို မသင်္ကကာလို့ စောင့်ဖမ်းတာမှာ မိလိုက်တာပါ၊ နန်းတွင်းထဲပစ်ချဖို့ လုပ်ထားတဲ့ သဲအိတ်ရယ်၊ ရှော့တိုက်ဒုံး ၂လုံးရယ် ဖမ်းမိပါတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကပြောပါတယ်။

ဖမ်းဆီးခံရသူဟာ အသက်(၂၀)အရွယ် အမျိုးသားတဦးဖြစ်ပြီး သူယူဆောင်လာတဲ့ ဂျပ်ဖာအတွင်းကနေ ၁၀၇မမ ရှော့တိုက်ဒုံး ၂ လုံး၊ ထိပ်ဖူး ၂ ခု တို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အိမ်ယာအတွင်းရှိ တိုက်ခန်း အပေါ်ဆုံး၆လွှာမှာလည်း နန်းတွင်းဖက်ကို ချိန်ရွယ်ကာ ရှော့တိုက်ဒုံးပစ်ဖို့ ပြင်ဆင်ထားတဲ့ သဲအိတ် ၂ အိတ်ကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသားဟာ ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာကို လက်ရှိအချိန်ထိ ထုတ်ပြန်ကြေညာထားတာမတွေ့ရသေးသလို့ VOMအနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ လပိုင်းတွေနဲ့ အခုရက်ပိုင်းအတွင်း ပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပေါ်နေပြီး သေဆုံးဒဏ်ရာရတာတွေလည်း ရှိခဲ့တယ်လို့ မန္တလေးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo- CJ
#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW