အမေရိကန်မှာ သေနတ်ထိန်းချုပ်ရေးဥပဒေကြမ်း အထက်လွှတ်တော်အတည်ပြုပြီ

၀ါရှင်တန်၊ ဇွန်-၂၄-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်အထက်လွှတ်တော်ဟာ သေနတ်ထိန်းချုပ်ရေးဥပဒေကြမ်းကို ဇွန် ၂၃ ရက်မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ဒီလိုအတည်ပြုလိုက်တာဟာ နှစ်ပေါင်း ၃၀ နီးပါးအတွင်း သေနတ်ဆိုင်ရာဥပဒေတွေနဲ့ ပတ်သက်ပြီး အထင်ကရ လုပ်ဆောင်မှုလည်းဖြစ်ပါတယ်။

ဥပဒေကြမ်းကို အတည်ပြုရာမှာ ရီပတ်ဘလီကန် အမတ် ၁၅ ဦးကလည်း ဒီမိုကရက်တစ်တွေနဲ့အတူ ပူးပေါင်းခဲ့ပြီး ထောက်ခံမဲ ၆၅ မဲ ၊ ကန့်ကွက်မဲ ၃၃ မဲဖြင့် အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဥပဒေကြမ်းကို သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးအတည်မပြုမီ အောက်လွှတ်တော်က အတည်ပြုရဦးမှာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အောက်အရွယ်တွေ သေနတ်၀ယ်ယူရမှာ သူတို့ရဲ့ နောက်ခံအကြောင်းရင်း အခြေအနေတွေကို ပိုမိုတင်းကြပ်စွာ စိစစ်ဖို့ ဥပဒေကြမ်းမှာ ပါ၀င်ပါတယ်။

ဒါ့အပြင် စိတ်ကျန်းမာရေးအစီအစဉ်၊ ကျောင်းလုံခြုံရေးအဆင့်မြှင့်တင်မှုတွေအတွက် ဒေါ်လာ ၁၅ ဘီလီယံ ရန်ပုံငွေတောင်းခံခြင်းလည်း ဥပဒေကြမ်းမှာ ပါ၀င်နေပါတယ်။

နယူးယောက်ပြည်နယ်ရှိ စျေး၀ယ်ကုန်တိုက်တခုနဲ့ တက္ကဆက်ပြည်နယ် မူလတန်းကျောင်းတကျောင်းမှာ လွန်ခဲ့တဲ့လက သေနတ်ပစ်ခတ်မှုတွေကြောင့် ကလေးငယ်အများစုအပါအ၀င် လူ ၃၁ ဦးသေဆုံးခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voicdofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW