တောင်ကြီးမြို့က မီးပွိုင့်ယာဉ်ထိန်းရုံးရှေ့ ဗုံးပေါက်၊ ယာဥ်ထိန်းနှစ်ဦး ထိခိုက်ဒဏ်ရာရ

ဇွန် ၂၄၊ ၂၀၂၂
KK(VOM)

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ စျေးပိုင်းရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းရှိ စျေးမီးပွိုင့်ယာဉ်ထိန်းရုံးရှေ့မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယာဥ်ထိန်းရဲနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းက စျေးပွိုင့်မီးပွိုင့်ယာဉ်ထိန်းရုံးရှေ့က ပန်းခုံအနီးမှာ ဗုံးပေါက်ခဲ့တာဖြစ်ပြီး တာဝန်ကျယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့ တွေ့တာတော့ ယာဥ်ထိန်းရဲနှစ်ဦး လဲကျနေတာတွေ့တယ်၊ စစ်တပ်ရော ရဲရောရောက်နေပြီ အဲ့ဒီအချိန်”လို့ သူကပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာရရှိတဲ့ယာဥ်ထိန်းရဲနှစ်ဦးကို တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“နေ့လယ် ၂ နာရီက ဗုံးပေါက်တာ ယာဥ်ထိန်းနှစ်ဦးထိတယ်၊ ဒဏ်ရာက သိပ် မစိုးရိမ်ရဘူး “လို့ သူကပြောပါတယ်။

လက်တလော စစ်တပ်နဲ့ရဲတွေဟာ တောင်ကြီးမြို့ပေါ်က လမ်းဆုံတွေမှာ ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့လတွေက ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပါတယ်။

Photo- ယခင်ဗုံးပေါက်ကွဲမှု ပုံဟောင်း
#voiceofmyanmar #VOM #တောင်ကြီး #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW