ရုရှားတပ်တွေဝိုင်းထားတဲ့ ဆီဗီရိုဒွန်နက်စ်မြို့မှ ယူကရိန်းတပ်ဖွဲ့၀င်တွေ ဆုတ်ခွာဖို့ တာ၀န်ရှိသူတွေ အမိန့်ထုတ်

ကိယက်ဗ်၊ ဇွန်-၂၅-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ ဆီဗီရိုဒွန်နက်စ်မြို့မှ ယူကရိန်းတပ်ဖွဲ့၀င်တွေကို မြို့ကနေဆုတ်ခွာဖို့ အမိန့်ပေးထားကြောင်း ဒေသတွင်း ယူကရိန်းထိပ်တန်းတာ၀န်ရှိသူတဦးကပြောပါတယ်။ယ

လက်ရှိမှာတော့ အဲဒီမြို့ရဲ့အခြေခံအဆောက်အအုံအားလုံးပျက်စီးသွားပြီး နေအိမ် ၉၀ ရာခိုင်နှုန်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကာ ၈၀ ရာခိုင်နှုန်းဆိုးရွားစွာ ပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။

ရုရှာတပ်တွေဟာ အဲဒီဒေသကိုအပြည့်အ၀ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ဆီဗီရိုဒွန်နက်စ်မြို့ဟာ ရုရှားတွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို သီတင်းပတ်များစွာ ကြုံတွေ့နေရတာဖြစ်ပါတယ်။ လစ်ဆီချန့်ခ်မြို့မှလွဲပြီး လူဟန့်ခ်ဒေသအများစုဟာ ရုရှားရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေပါတယ်။

ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားစကားပြောသူတွေအများစုနေထိုင်ကြတဲ့ လူဟန့်ခ်ဒေသဟာ ရုရှားသမ္မတပူတင်အတွက်တော့ သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ အဓိကဦးစားပေးလည်းဖြစ်ပါတယ်။

တချိန်တည်းမှာပင် ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ ယူကရိန်းနဲ့ မော်လ်ဒိုဗာကို အီးယူအဖွဲ့၀င်လောင်းအဖြစ် လက်ခံဖို့ဆုံးဖြတ်လိုက်ပြီး ဒီဆုံးဖြတ်ချက်အတွက် အနှုတ်လက္ခဏာဆောင်တဲ့ အကျိူးဆက်တွေရှိလာမယ်လို့ ရုရှားသမ္မတ ပူတင်က သတိပေးထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW