မြိုင်မြို့နယ်မှာ ၂လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ဇွန် ၊ ၂၆ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ သင်းပေါင်းကန်ကျေးရွာ တောင်ဘက်က ၊ သမန်းကန်ဆည်ဘောင်နားမှာ မနေ့ ဇွန် ၂၅ ရက် နေ့လယ်ပိုင်းက ၂ လောင်းပြိုင် လူသတ်ဖြစ်ပွားခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” နေ့ခင်း ၁ နာရီဝန်းကျင်က ဖြစ်တာပါ ၊ အမျိုးသား ရုပ်အလောင်း ၁ လောင်းနဲ့ အမျိုးသမီး ရုပ်အလောင်း ၁ လောင်းတွေ့ရတာ ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြိုင်မြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက” သေဆုံးသူတွေက သင်းပေါင်းကန်ရွာမှာနေတဲ့ ဦးသိန်းထွန်း နဲ့ သူ့မိန်းမ ဒေါ်ဌေးလှ တို့ဖြစ်တယ် ၊ ရွာထဲ နေအိမ်ကနေ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေက ဖမ်းခေါ်သွားပြီး သမန်းကန် ဆည်ဘောင်နားမှာ သတ်ထားခဲ့တာလို့ ကနဦး သိရတယ် ၊ အမှုဖွင့် အရေးယူထားပါတယ် “လို့ ပြောပါတယ်။

ပခုက္ကူခရိုင်ထဲက ရေစကြို ၊ ဆိပ်ဖြူ ၊ မြိုင် ၊ ပေါက် ၊ ပခုက္ကူမြို့နယ်တွေမှာ ပြီးခဲ့တဲ့ မေလကနေ ဒီလ ၂၅ ရက်နေ့အတွင်း လင်မယား စုံတွဲလိုက် အသတ်ခံရတဲ့အမှု ၅ မှုထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြိုင် #၂လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW