အာရှစတိုင် နေတိုးအဖွဲ့ဖွဲ့ဖို့ အမေရိကန်ကြိုးစားနေကြောင်း မြောက်ကိုရီးယား စွပ်စွဲ

ပြုံးယမ်း၊ ဇွန်-၂၇-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်ဟာ အာရှမှာ နေတိုးလိုမျိုး စစ်မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေပြီး မြောက်ကိုရီးယားအစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်နေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ရန်ကို ဟန့်တားဖို့လိုအပ်ပါက အမေရိကန်ရဲ့လက်နက်တွေ တိုးမြှင့်ချထားဖို့ အမေရိကန်သမ္မတနဲ့ တောင်ကိုရီးယားသမ္မတတို့အကြား မကြာသေးမီက သဘောတူလိုက်ပြီးနောက် မြောက်ကိုရီးယားက အခုလို စွပ်စွဲပြောဆိုလိုက်တာဖြစ်ပါတယ်။

အမေရိကန်ဟာ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပြောင်ပြောင်တင်းတင်းပြုလုပ်နေပြီး အာရှပုံစံနေတိုးအဖွဲ့ဖွဲ့ဖို့ အပြည့်အ၀လုပ်ဆောင်နေတယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တပ်ဖွဲ့တွေရဲ့ မကြာသေးမီကပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုကို ရည်ညွှန်းတာဖြစ်ပြီး အမေရိကန်ဟာ လေးနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် အမေရိကန်လေယာဉ်တင်သင်္ဘောတစီးကို စစ်ရေးလေ့ကျင့်မှုမှာ အသုံးပြုခဲ့ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားအစိုးရကို ဖြုတ်ချဖို့ရည်ရွယ်ပြီး ကြိုတင်ပြင်ဆင်တာလို့ ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုတွေ ပုံမှန်လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယားက ပြောပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW