ဂျပန် Kirin ဘီယာကုမ္ပဏီက ရှယ်ယာတွေအားလုံး ရောင်းချပြီး ဦးပိုင်ကုမ္ပဏီနဲ့ လက်တွဲဖြုတ်

တိုကျို၊ ဇွန်-၃၀-၂၀၂၂
မျိုးဆက်(VOM)

ဂျပန် အဖျော်ယမကာကုမ္ပဏီ Kirin Holdings ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့လုပ်ငန်းရှယ်ယားတွေကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ မြန်မာဘရူဝါရီကိုရောင်းချတော့မှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Nikkei ရဲ့အစောပိုင်းသတင်းဖော်ပြချက်ကို ဇွန် ၃၀ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Kirin တာ၀န်ရှိသူတွေက အတည်ပြုခဲ့ပြီး ရှယ်ယာတွေကို ဒေါ်လာ ၁၆၃ သန်းရောင်းချသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံနေ လုပ်ငန်းတွေ ရုပ်သိမ်းတော့မယ့်အကြောင်းနဲ့ ရှယ်ယာတွေကို ဇွန်လကုန်ပိုင်းမှာ ရောင်းချဖို့ရည်ရွယ်ထားကြောင်း Kirin ကုမ္ပဏီက ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူ့ရဲ့အစုရှယ်ယာတွေကို အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေအပါအ၀င် ပြည်ပ၀ယ်လက်တွေကို ရောင်းချဖို့ကြိုးစားခဲ့ပေမယ့် ရှာမတွေ့ခဲ့ပါဘူး။

ဘီယာဖက်စပ်လုပ်ငန်းမှာ Kirin က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းနဲ့ မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီကတော့ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားပါတယ်။

Kirin ကုမ္ပဏီအနေနဲ့ ရှယ်ယာတွေကို ဦးပိုင်ကုမ္ပဏီကိုရောင်းချမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဝေဖန်မှုတွေကိုရှောင်ရှားဖို့အတွက် မြန်မာဘရူဝါရီကုမ္ပဏီကို ရောင်းချဖို့ အစီစဉ်ချခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲပြီးနောက် Kirin ကုမ္ပဏီဟာ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ ဘီယာထုတ်လုပ်တဲ့ ဖက်စပ်လုပ်ငန်းကို အဆုံးသတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

Ref: Nikkei Asia
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW