ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ကိုမျိုးသူအောင် ဖမ်းဆီးခံရ

ဇူလိုင် ၊ ၁-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ ပခုက္ကူ တက္ကသိုလ်မှာ ၂၀၁၈ / ၁၉ ပညာသင်နှစ်တုန်းက ကျောင်းသား သမဂ္ဂအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုမျိုးသူအောင်ဟာ မနေ့ ဇွန် ၃၀ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ ပခုက္ကူ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

.” ကိုမျိုးသူအောင်က ပခုက္ကူသား ဇာတိ မဟုတ်ဘူး ၊ သူက ပေါက်မြို့နယ် ၊ ထန်းတောဦးကျေးရွာသားဖြစ်တယ် ၊ ပခုက္ကူမှာ မနေ့က သူ အဖမ်းခံရတာ ” လို့ ပခုက္ကူ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက် နေ့လယ်၂ နာရီဝန်းကျင်မှာ ပခုက္ကူမြို့၊အမှတ် ၆ ရပ်ကွက် ၊ ၁၁ လမ်းမှာရှိတဲ့ လှသူဇာ အပ်ချုပ်ဆိုင်မှာ ကိုမျိုးသူအောင် ခဏရောက်ရှိနေချိန် ဝင်ရောက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီ ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ” ဖမ်းဆီးထားတယ် ၊ ဖမ်းရတဲ့ အကြောင်းကတော့ အင်တာနက် လူမှုကွန်ရက်ပေါ်မှာ မဟုတ်မမှန် ဝါဒဖြန့်ရေးသားတယ် ၊ ပခုက္ကူမြို့ပေါ်မှာ ဆူပူဆန္ဒပြတာတွေလုပ်ပြီး အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ အတွက် ဖမ်းရတာပါ ၊ စစ်ဆေးနေဆဲဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ပါတယ် “လို့ ပြောပါတယ်။

ကိုမျိုးသူအောင် ဖမ်းဆီးခံရပြီးနောက် ဒီကနေ့မနက်အထိ အဆက်အသွယ်မရသေးဘူးလို့ သူ့ရဲ့ မိတ်ဆွေတွေ ပြောပြချက်အရ ​သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူတက္ကသိုလ် #ကျောင်းသားသမဂ္ဂအတွင်းရေးမှူး #ကိုမျိုးသူအောင် #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW