မတူပီမြို့မှာ ဒီကနေ့ မနက်ပိုင်းကစလို့ ဖုန်းလိုင်းတွေ ပြတ်တောက်နေ

ဇူလိုင် ၊ ၁ ၊ ၂၀၂၂
SP (VOM)

ချင်းပြည်နယ်တောင်ပိုင်း ၊ မတူပီမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းကစလို့ ဖုန်းလိုင်းအားလုံး အဆက်အသွယ် ပြတ်တောက်သွားပြီဖြစ်တယ်လို့ မတူပီမြို့ခံတွေဆီက သိရပါတယ်။

” ဖုန်းလိုင်းက ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နောက်ပိုင်း ကောင်းတချက် ၊ မကောင်းတချက်ဖြစ်နေတယ် ၊ အသုံးပြုရတာ အဆင်မပြေဘူး ၊ ဒီ မနက်ပိုင်းကစလို့ လိုင်းလုံးဝပျက်သွားတယ် ၊ ဖုန်းပြောဖို့ဆိုရင် မင်းတပ်လမ်းဘက်အထိသွားပြီးပြောရတယ် ” လို့ မတူပီမြို့နေ ဒေသခံတယောက်က ပြောပါတယ်။

မင်းတပ်မြို့ကိုရောက်ရှိနေတဲ့ မတူပီမြို့ခံ စျေးသည် တယောက်ကလည်း” ဒီမှာက မိုးအရမ်းများတယ် ၊ ရာသီဥတုကြောင့် ဖုန်းလိုင်းပြတ်တာဆိုရင် ၊ အကြောင်းမဟုတ်ဘူး ၊ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ လာမှာမို့ ပြတ်တာထင်ပြီး တမြို့လုံးက အထုပ်အပိုးပြင်ပြီး စိုးရိမ်နေကြတာ”လို့ ပြောပါသေးတယ်။

ပတူပီမြို့မှာ ဆက်သွယ်ရေး ဖုန်းလိုင်းတွေနဲ့ ပတ်သက်ပြီး အမ်ပီတီ ၊ တယ်လီနော ၊ အော်ရီဒူး ရှိခဲ့ရာ အဲ့ဒီ ၃ လိုင်းလုံး ပြတ်တောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

Photo -Wikipedia
#voiceofmyanmar #VOM #မတူပီ #ဖုန်းလိုင်းတွေပြတ်တောက်နေ

Related posts

Leave a Comment

VOM News

FREE
VIEW