ရခိုင်ရိုးမတောင်ခြေမှာ တိုက်ပွဲတွေဖြစ်နေလို့ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရ

ဇူလိုင် ၂-၂၀၂၂
မင်းမြတ်

ဧရာ၀တီတိုင်း၊ကြံခင်းမြို့နယ်၊စပါးအိုးကျေးရွာအနောက်ဘက်၊ ရခိုင်ရိုးမတောထဲမှာ မနေ့ ဇူလိုင် ၁ ရက်ကစတင်ပြီးတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေလို့ စပါးအိုးကျေးရွာနဲ့ပတ်ဝန်းကျင်အနီးရှိ ရွာ ၃ ရွာက ဒေသခံတွေ ဘေးလွတ်ရာကိုထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ မနက် ၉ နာရီဝန်းကျင်လောက်ကတည်းက တပ်နဲ့ PDFတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်နေတာလေ။တော်တော်ကြာ ဖြစ်နေတာ။သေနတ်သံတွေ လက်နက်ကြီးတွေနဲ့ ပစ်တဲ့အသံတွေက တဖြည်းဖြည်းကိုယ့်အနားရောက်လာလို့ အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးနေရတာ။ထပ်ပြီး တိုက်ပွဲတွေဖြစ်နေဖို့ရှိတယ်၊ ဘာလို့လည်းဆိုတော့ တပ်ဘက်ကနေ အခုတိုက်ပွဲတွေဖြစ်နေတဲ့ဘက်ကို စစ်ကားတွေမနည်းဘူး မောင်းသွားတာတွေ့ရတယ်။”လို့ စပါးအိုးကျေးရွာ ဒေသခံတ ယောက်ကပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်လို့ဒေသခံအုပ်ချုပ်ရေး
တာဝန်ရှိသူက”တိုက်ပွဲတွေဖြစ်နေတာမှန်တယ် ။
ကြောက်လန့်ပြီး တိမ်းရှောင်နေသူတွေလည်းရှိတယ်၊
စစ်ကူလာတဲ့ကားတွေလည်း တွေ့ရတယ်။ဘယ်သူသေ တယ်၊ဘယ်လောက်သေတယ်ဆိုတာကတော့ မပြော တတ်သေးဘူး။”လို့ ပြောပါတယ်။

အဲ့ဒီလို နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ စပါးအိုးကျေးရွာဘက်ကို စစ်တပ်ဘက်က စစ်ကား ၆ စီး၊ လူအင်အား ၆၀ ထက်မနည်း စစ်ကူလာရောက်လို့ သူတို့အနေနဲ့ စခန်းကိုစွန်ခွာခဲ့ရတယ်လို့ ရိုးမဧရာဝတီ PDFအဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ VOMအနေနဲ့ အတည်ပြုလို့ မရသေးပါဘူး။

#voiceofmyanmar #VOM #ကြံခင်း #ထိတွေ့တိုက်ပွဲ #ဒေသခံထောင်နဲ့ချီ #တိမ်းရှောင်နေရ

Related posts

Leave a Comment

VOM News

FREE
VIEW