လက်ပန်တောင်းဒေသက စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်သေး

ဇူလိုင် ၂-၂၀၂၂
Voice Of Myanmar

ပြီးခဲ့တဲ့ ‌ဇွန်လ (၂၁) ရက်နေ့ကတည်းက စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်‌ပန်တောင်းဒေသက ကျေးရွာတွေကို စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်မှုတွေပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး မီးရှို့ခံရတာတွေလည်းရှိခဲ့တာကြောင့် ဒေသခံတွေဟာ အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ပြောပါတယ်။

လက်ရှိမှာ ကျေးရွာပေါင်း (၂၀) ကျော်က စစ်ဘေးရှောင် (၂) သောင်းဝန်းကျင်ရှိနေပြီး နေရပ်မပြန်ရဲသေးတာကြောင့် မိုးသီးနှံစိုက်ပျိုးဖို့အတွက် အခက်ကြုံနေကြသလို နွေသီးနှံရိတ်သိမ်းချိန်မရဘဲ ဆုံးရှုံးခဲ့ရသူတွေလည်းရှိနေပါတယ်။

ဒါ့အပြင် ဒီဒေသက ကျေးရွာတချို့ဟာ မိုးရာသီချင်းတွင်းမြစ်ရေဝင်ရောက်တဲ့အခါ ဝမ်ပေါင်ကုမ္ပဏီနဲ့အနီးဆုံး ကားလမ်းဘေးတွေကို ရွှေ့ပြောင်းနေထိုင်ကြရပြီး အခုနှစ်မှာတော့ ဝမ်ပေါင်ကုမ္ပဏီအတွင်းမှာ တပ်စွဲထားတဲ့စစ်တပ်က ကျေးရွာတွေကို မကြာခဏဝင်ရောက်နေတာကြောင့် ရေဝင်လာရင်ပြောင်းရွှေ့နေထိုင်ဖို့ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါကြောင့် လက်ရှိနိုင်ငံတော်ကို စီမံအုပ်ချုပ်နေသူတွေအနေနဲ့ တိုင်းပြည်အေးချမ်းသာယာဖို့အတွက်ဆိုရင် အုပ်ချုပ်ခံပြည်သူလူထုရဲ့အခက်အခဲဒုက္ခတွေကိုလည်း ရှေးရှုဆောင်ရွက်သင့်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #လက်ပန်တောင်း #စစ်ရှောင် #နေရပ်မပြန်နိုင်သေး

Youtube Link – https://youtu.be/-WLMSnxNGEI

Related posts

Leave a Comment

VOM News

FREE
VIEW