ထီးချိုင့်မြို့နယ် လှယ်မှီးကျေးရွာ အလက ခွဲကျောင်းမှာ စာသင်နေတဲ့ ဆရာမ ၂ ဦး အဖမ်းခံရ

ဇူလိုင် ၊ ၄ -၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ လှယ်မှီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှာ စာသင်ကြားပေးနေတဲ့ ကျောင်းဆရာမ ၂ ဦးဟာ မနေ့ ဇူလိုင် ၃ ရက် ညပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ လှယ်မှီကျေးရွာ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

” အဖမ်းခံလိုက်ရတဲ့ ဆရာမ ၂ ဦးက ၊ ဆရာမ ဒေါ်စန်းစန်းမာနဲ့ ဒေါ်အေးအေးလှိုင်တို့ဖြစ်တယ် “လို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက” လှယ်မှီရွာ လခွဲကျောင်းမှာ စာသင်နေတဲ့ အရပ်ဆရာမ ၂ ဦးဖမ်းမိတယ် ၊ သူတို့က NUG ရဲ့သင်ရိုးနဲ့ စာသင်ကြားပေးနေတဲ့ အရပ်သူတွေဖြစ်တယ် ၊ စစ်ဆေးနေဆဲဖြစ်တယ် ၊ ပေါ်ပေါက်အချက်အရ အကြမ်ဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအရ အရေးယူသွားမှာ “လို့ ပြောပါတယ်။

လှယ်မှီရွာခံ ကျောင်းသားမိဘ တယောက်ကလည်း ” စာသင်ကျောင်းတွေ အသက်ပြန်ဝင်အောင် သူတို့လည်း လုပ်မပေးဘူး ၊ ကလေးတွေ အတန်းရတာ ၊ အတန်း မရတာထက် ၊ စာသင်ရမယ့်အရွယ်မှာ စာသင်နိုင်ဖို့က အရေးကြီးတယ် ၊ သူတို့လာပြီး ကျောင်းဖွင့်ပေးတုန်းကလည်း ကလေးတွေထားခဲ့တယ် ၊ အခုလည်း စာသင်ပေးသူရှိလို့ ထားရတာ “လို့ ပြောပါသေးတယ်။

လှယ်မှီကျေးရွာက အခြေခံပညာ အလယ်တန်းကျောင်းခွဲဟာ ပြီးခဲ့တဲ့ ၂၀၂၀ ကိုဗစ်ရောဂါ ပထမလှိုင်းကစလို့ ယာယီပိတ်ထားရတာ ဒီနှစ်နဲ့ဆိုရင် ၃ နှစ်ကာလထဲကို ရောက်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ထီးချိုင့်

Related posts

Leave a Comment

VOM News

FREE
VIEW