ပခုက္ကူ မြို့မစျေးထဲက ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းနဲ့ ပိုက်ဆံ သိန်း ၁ ရာကျော် ပါသွား

ဇူလိုင် ၊ ၄-၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူုမြို့ ၊ စည်ပင်သာယာမြို့မစျေး ၊ အရှေ့ဘက်စျေးထဲက ရွှေရတနာ ၁ ဆိုင်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည် ပစ္စည်းတချို့နဲ့ ပိုက်ဆံတွေပါသွားတယ်လို့ ပခုက္ကူ မြို့မစျေးသည်တွေဆီက သိရပါတယ်။

” ဖြစ်တာက နေ့ခင်း ၁၁ နာရီလောက်ကဖြစ်တာပါ ၊ အရှေ့ဘက်စျေးထဲက ရှမ်းဧကရီ ရွှေဆိုင်မှာဖြစ်တာပါ ၊ ရွှေထည်ပစ္စည်းတချို့နဲ့ ပိုက်ဆံတွေပါသွားတယ် “လို့ စျေးသည်တယောက်က ပြောပါတယ်။

ပခုက္ကူမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက” သွားရောက်စစ်ဆေးနေပါတယ် ၊ ကနဦးကြားရတာက မျက်နှာမှာ မက်စ်တပ်ထားတဲ့ လူ ၄ ယောက်က ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ရှင်ကို ရိုက်နှက်တယ် ၊ ရွှေကောင်တာကိုခွဲပြီး ရွှေထည်ပစ္စည်း ခန့်မှန်းအလေးချိန် ၁ ကျပ်သားကျော်နဲ့ ပိုက်ဆံ သိန်း ၁ ရာကျော် ပါသွားတယ် ၊ ဆိုင်ထဲဝင်လာတဲ့ လူ ၄ ယောက်အနက်က ၂ ယောက်က သေနန်အတိုတွေကိုင်ထားတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူမြို့မစျေးထဲက စျေးသည် တယောက်က ” ဓားပြတိုက်နေတဲ့အချိန်မှာ အဲ့ဒီ ရွှေဆိုင်နား အနီးဝန်းကျင်က ဆိုင်တွေမှာ လူစိမ်း ၁၀ ယောက်ဝန်းကျင်က စျေးဖြန့်ဝယ်နေတာကို သတိထားမိတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် ဒီမနက်ပိုင်းကလည်း အဲ့ဒီ ပခုက္ကူမြို့မစျေးထဲမှာ စျေးဝယ်လာတဲ့ အမျိုးသမီး တယောက် ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်စဥ်မှာ ပိုက်ဆံ ၃ သောင်းကျော် အပါအဝင် ရွှေထည်ပစ္စည်းနဲ့ဆို ၁၂ သိန်းကျော်ဖိုး ခါးပိုက်နှိုက်ခံရတာဖြစ်တယ်လို့ ပခုက္ကူ စျေးသူစျေးသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

.” အိမ်ဆောက်ပစ္စည်းဆိုင် ၊ အခွန်ရုံး ၊ စက်မှုဇုန်က ဘိလပ်မြေ ဂိုဒေါင် ၊ ကဠန်ကရစ်စက်ရုံ ၊ KTV ၊ ကားဝပ်ရှော့ ဆိုင်တွေ ဓားပြတိုက်ခံရတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းက ရေစကြိုမြို့နယ်ရဲမှူးရဲ့ကား ဘောလုံးကွင်းတိုက်တန်းက ပန့်ဆိုင်မှာ အပ်ထားတဲ့အချိန် အလုခံလိုက်ရတယ် ၊ လူမသိ သူမသိ ဖုန်းနဲ့ ပိုက်ဆံအိတ် လုခံရတာ ၊ ဆိုင်ကယ် လုခံရတာ အများအပြားရှိတယ် ” လို့ ပခုက္ကူမြိုခံတယောက်က ပြောပါသေးတယ်။

ပခုက္ကူမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်ကစလို့ မကြာခဏ ဓားပြတိုက်ခံရတဲ့ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ရွှေဆိုင်ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW