ဘီးလင်းမှာ NLD ပါတီဝင် ၂ ဦး ရုပ်ပျက်ဆင်းပျက် အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိ

ဇူလိုင် ၄-၂၀၂၂
VOM (GG)

ဘီးလင်းမြို့နယ်က NLD ပါတီဝင် ၂ ဦး ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်နေရာက မနေ့ဇူလိုင် ၂ ရက်နေ့မှာ အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

NLD ပါတီဝင် ၂ ဦးက ဘီးလင်းမြို့နယ်အလုပ်အမှုဆောင် ဦးကိုကိုမောင်နဲ့ ဘီးလင်းNLDပါတီဝင် ဦးပန်းမြင့် တို့ဖြစ်ပြီး သူတို့ ၂ ဦးလုံးဟာ ဇွန်လ ၂၂ ရက်နေ့ထဲက ဖမ်းဆီးခံလိုက်ရပြီးအဆက်အသွယ်ပြတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

” မွန်ပြည်နယ်လွှတ်တော် အမတ် ဦးကျော်မျိုးမင်း အဖမ်းခံရတဲ့နေ့ပဲ သူတို့လည်းအဖမ်းခံရတာ အတူတူပဲလို့်သိရတယ် ။ အဲ့ဒီနေ့တည်းက အဆက်အသွယ်မရတာကနေ အခု ပါတီဝင် ၂ ယောက်ကတော့ အသတ်ခံထားရတာကိုပြန်တွေရတာလို့ ပြောတယ် ။ အတိကျတော့ မသိဘူး ။အလောင်းတွေကတော့ ရုပ်ပျက်ဆင်းပျက်ကိုဖြစ်နေပါပြီ ။ဓနိချောရွာနားမှာ မြေမြှုပ်ထားတာကို ရွာသားတွေကအကြောင်းကြားလို့ တူးမှသိရတာ လို့ကြားတယ် ” လို့ ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။

ရုပ်အလောင်းတွေဟာ အလွန်အမင်း နှိပ်စက်ခံထားပြီး ခြေနဲ့လက် တွေကို ခုတ်ထစ်ထားကြောင်း၊ ပါးစပ်ထဲကိုလည်း ရေနွေးပူ ၊ အက်ဆစ် လောင်းထည့်ခဲ့ပုံပေါ်ပြီး မျက်နှာတစ်ခုလုံး သွားတွေ မရှိတော့ဘဲ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်လို့ သိရပါတယ်။

ဦးပန်းမြင့်က အသက် ၅၅ နှစ် ရှိပြီး ဦးကိုကိုမောင်ကတော့ အသက် ၅၁ နှစ်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းလည်း ဇွန်လ ၂၂ ရက်နေ့တည်းက ဖမ်းဆီး ခံရတာ အခုချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ဘီးလင်း

Related posts

Leave a Comment

VOM News

FREE
VIEW