မြန်မာစစ်တပ်အနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်တိုက်တွန်း

ပေကျင်း၊ ဇူလိုင်-၄-၂၀၂၂
မျိုးဆက်(VOM)

မြန်မာစစ်တပ် အနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ၀မ်ယီက အခုလိုက်တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်သူအားလုံးအနေနဲ့ ကျိုးကြောင်းဆီလျော်တဲ့ ဆွေးနွေးမှုတွေလုပ်ဖို့နဲ့ နိုင်ငံရေး ရင်ကြားစေ့ရေး အောင်မြင်အောင်ကြိုးစားကြဖို့ တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ၀မ်ယီက ထုတ်ဖော်ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်လာမယ်လို့လည်း မျှော်လင့်ကြောင်း နစကရဲ့ နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်နဲ့တွေ့ဆုံရာမှာ ၀မ်ယီက ဆိုပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ကိစ္စဟာ မဖြစ်နိုင်ဘူးဆိုတာမရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုပြီးနောက် တရုတ်နိုင်ငံခြားရေး၀န်ကြီးက အခုလိုက် မှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။

Ref: Guardian
Photo:CMOFA
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW