လှိုင်မြို့နယ်ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃အဆင့်ရှိ ငလျင်လှုပ်ခတ်သွား

ဇူလိုင် ၅၊၂၀၂၂
KK(VOM)

ရန်ကုန်တိုင်းမှာ ဒီကနေ့ မနက် ၇ နာရီ ၃၇မိနစ်က လှိုင်မြို့နယ်ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃အဆင့်ရှိတဲ့ ငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မြို့နယ်အများစုကနေ သိရပါတယ်။

ငလျင်လှုပ်ခတ်မူကို အင်းစိန်၊ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊အလုံ၊ မင်္ဂလာတောင်ညွှန့်၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ အစရှိတဲ့ မြို့နယ်တွေမှာ လှုပ်ခတ်တာကို သိရှိခဲ့ရတယ်လို့ သိရပါတယ်။

လှိုင်မြို့နယ်မှာနေထိုင်သူတဦးက “ခုံပေါ်ထိုင်နေတာ ခုံစောင်းသွားလို့ ဘယ်သူ တွန်းလဲပေါ့၊ နောက်တော့မှ ငလျင်လှုပ်တယ်ဆိုတာသိတာ၊ ခေါင်းတောင်မူး
သွားတယ်”လို့ ပြောပါတယ်။

အချို့မြို့နယ်တွေမှာတော့ အလုပ်သွားလာရင်းနဲ့ရေကန်ကရေတွေလှုပ်ခတ်သွားခြင်း မြေကြီးသိမ့်ကနဲတုန်သွားခြင်းတို့ကိုခံစားမိရာမှ ငလျင်လှုပ်တာသိရတယ်လို့ ​မြောက်ဥက္ကလာမှာ နေထိုင်သူတဦးက ပြောပါတယ်။

“အရမ်းတော့မပြင်းဘူး အနည်းငယ်ပဲ၊ ငလျင်လှုပ်တော့ ရေကန်ရေတွေလှုပ်သွားတယ်၊ မြေကြီးသိမ့်ကနဲ့တုန်သွားတယ်၊ ဒါတောင် လူကြီးတွေပြောမှ ငလျင်လှုပ်တယ်ဆိုတာ သိတာ”လို့ ပြောပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမူဦးစီးဌာနရဲ့ ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ နံနက်၀၇နာရီ၊ (၃၉)မိနစ်၊ (၀၃) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၂) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရန်ကုန်မြို့(လှိုင်မြို့နယ်))၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၈၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ရှမ်းပြည်နယ် မိုင်းဖြတ်မြို့အနီးမှာ ငလျင်တွေလှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမူဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ငလျင်

Related posts

Leave a Comment

VOM News

FREE
VIEW