နိုင်ဂျီးရီးယားအကျဉ်းထောင်ကို စစ်သွေးကြွတွေ၀င်စီးလို့ အကျဉ်းသား ၄၀၀ ကျော်လွတ်မြောက်သွား

အဘူဂျာ၊ ဇူလိုင်-၇-၂၀၂၂
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်အဘူဂျာရှိ အကျဉ်းထောင်ကို ၀င်ရောက်စီးနှင်းတိုက်ခိုက်ခံရပြီးနောက် အကျဉ်းသား ၄၀၀ ကျော်ပျောက်ဆုံးနေကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။

အဲဒီအကျဉ်းထောင်ကို ဇူလိုင် ၅ ရက်ညပိုင်းမှာ ပစ်မှတ်ထားတိုက်ခိုက်ခံရတာဖြစ်ပြီး အကျဉ်းသားလေးဦး၊ လုံခြုံရေးအစောင့်တဦးနဲ့ လာရောက်တိုက်ခိုက်သူအများအပြား သေဆုံးခဲ့ပါတယ်။

ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့က တိုက်ခိုက်မှုကိုလုပ်ဆောင်ခြင်းဖြစ်နိုင်ပြီး အကျဉ်းကျနေတဲ့ စစ်သွေးကြွ ၆၄ ဦးလည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း နိုင်ဂျီးရီးယားကာကွယ်ရေး၀န်ကြီး ဘာရှီယာမာဂါရှီက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ အကျဉ်းထောင်အတွင်း အကျဉ်းသား ၁၀၀၀ နီးပါးရှိနေပြီး အစောပိုင်းမှာ အားလုံးထွက်ပြေး သွားပေမယ့်လည်း နောက်ပိုင်းမှာတော့ ၄၄၃ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ ၂၀၂၀ ခုနှစ်ကစပြီး ဖြစ်ပွားခဲ့တဲ့ ထောင်ဖောက်မှုတွေအတွင်း အကျဉ်းသား ၅၀၀၀ ကျော် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #အဘူဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW