သီရိလင်္ကာမှာ လောင်စာဆီတင်းသွင်းနိုင်ရေးအတွက် ရုရှားသမ္မတပူတင်ကို အကူအညီတောင်း

ကိုလံဘို၊ ဇူလိုင်-၇-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီတင်သွင်းနိုင်ဖို့အတွက် ကူညီပေးဖို့ ရုရှားသမ္မတပူတင်ကို တောင်းဆိုခဲ့ကြောင်း သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာက ဇူလိုင် ၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားသမ္မတပူတင်နဲ့ ဆွေးနွေးမှုမှာ အလွန်အကျိုးဖြစ်ထွန်းကြောင်း သူကပြောပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံမှာ များမကြာမီအချိန်အတွင်း လောင်စာဆီကုန်သွားနိုင်ကြောင်း စွမ်အင်၀န်ကြီးက ယခုသီတင်းပတ်ကုန်မှာ သတိပေးပြီးနောက် ရုရှားသမ္မတပူတင်ထံ သီရိလင်္ကာသမ္မတက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

လောင်စာဆီ တင်သွင်းဖို့ အတွက် ငွေချေးဖို့ ရုရှားသမ္မတပူတင်ကို တောင်းဆိုခဲ့ကြောင်း ၊ ဒါ့အပြင် ခရီးသွာလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုစတဲ့ ကဏ္ဍတွေမှာ နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေရေးအတွက် သဘောတူခဲ့ကြောင်း သီရိလင်္ကာသမ္မတက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး မစ္စတာရာဂျာပက်ဆာရဲ့ သီရိလင်္ကာ အစိုးရကိုဖယ်ရှားဖို့ ရာပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဇူလိုင် ၆ ရက်မှာ သီရိလင်္ကာပါလီမန်အနီးစုးဝေးဆန္ဒပြခဲ့ကြပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW