ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်က ကျေးရွာတွေမှာ လူငယ် အယောက် ၄၀ နီးပါး ပျောက်ဆုံးနေ

ဇူလှိုင် ၊ ၈ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းနဲ့ ရေဦးမြို့နယ် အစပ်မှာရှိတဲ့ ရွာတွေက လူငယ်တချို့ဟာ အခုလ ၃ ရက်နေ့စလို့ ပျောက်ဆုံးနေကြတာဖြစ်တယ်လို့ ဒီပဲယင်းမြို့ခံတွေဆီက သိရပါတယ်။

” ဒီလ ၂ ရက်ကစလို့ ရွာတွေဘက်ကို စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတယ် ၊ ပြေးရင်းလွှားရင်းနဲ့ ပျောက်နေတာ အခုထိ အဆက်အသွယ်လည်းမရ ၊ သတင်းလည်း မကြားရတော့ဘူး၊ သေလားမသိ ၊ ရှင်လားမသိ ဖြစ်နေရတယ် ” ဆပ်ပြာကျင်းရွာခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီလို ပျောက်ဆုံးနေတဲ့ လူငယ်တွေနဲ့ ပတ်သက်ပြီး ဒေသခံ ပရဟိတသမားတွေက သူတို့ လက်လှမ်းမီသလောက် စာရင်းပြုစုထားတာက

ဆပ်ပြာကျင်းရွာက ၃ ယောက် ၊ ကျွန်းတော ရွာက ၂. ယောက် ၊ အင်ပင်ကြီး ရွာက ၁ ယောက် ၊ အုန်းတင်ရွာက ၃ ယောက် ၊ ဘုတ်ရွာက ၂ ယောက် ၊ အင်ဘုတ် ရွာက ၁ ယောက် ၊ ချောင်းဦး ရွာက ၁ ယောက် ၊ တင်းတိန်ယံရွာက ၃ ယောက် ၊ ချမ်းသာရွာက ၂ ယောက် ၊လယ်ပြင်ကွက်ရွာက ၁ ယောက် ၊ ဇေယျဝတီရွာက၂ ယောက် ၊အောင်ကဲ့ဇင်ရွာက ၃ယောက် ၊ မန်ကျီးကုန်းရွာက ၁ ယောက် ၊အုပ်ဖိုရွာက ၁ ယောက် ၊ သစ်ရာအိုက်ရွာက ၅ ယောက် ၊ အောင်စီမြေ ရွာက ၁ ယောက် ၊ ဗုတ္ထန်းရွာက ၃ ယောက် ၊ ကြည် ရွာက ၁ ယောက် ၊ ဆပ်လူးရွာက ၁ ယောက် ၊ မင်းတဲကုန်းရွာက ၂ ယောက် ၊စိုင်ပြင်ရွာက ၁ ယောက် ၊ ယင်းတွေ ရွာက ၁ ယောက် ၊ ဝဘာရွာက ၁ ယောက် နဲ ငဝဲတောရွာက ၁ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

” ဒီပဲယင်းနယ်နဲ့ ရေဦးနယ် ၊ ၂ နယ်ပေါင်း ၊ ရွာ ၂၄ ရွာက ပျောက်ဆုံးလူငယ် ၃၇ ယောက်ရှိတာဖြစ်တယ် ၊ နောက်ပြီး ကျည်ဆံထိမှန် ဒဏ်ရာရထားလို့ ဆေးကုနေရတဲ့ လူက ၂၆ ယောက်ဝန်းကျင်ရှိတယ်လို့ ကြားထားရတယ် ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ပျောက်ဆုံးနေတဲ့သူတွေဟာ အခုလ ၂ ရက်နေ့ကနေ ဒီကနေ့အထိ မိသားစုနဲ့ ဆက်သွယ်မရပဲ ပျောက်နေတာမို့ အဖမ်းခံရသလား၊ အသတ်ခံရသလား ၊ ဘေးလွတ်ရာကိုပြေးရင်း အဆက်သွယ်ပြတ်သလား ဘာမှမသိရလို့ ကျန်ရစ်တဲ့မိသားစုတွေ သောကရောက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း ၊ မြင်းမူ ၊ ဝက်လက် ၊ ရွှေဘို ၊ အရာတော် ၊ ဒီပဲယင်း ၊ ရေဦး ၊ ခင်ဦး ၊ တန့်ဆည် ၊ မင်းကင်း ၊ ကနီ ၊ ယင်းမာပင် နဲ့ ကလေးစတဲ့ မြို့နယ်တွေဘက်က လူပျောက်ကြော်ငြာတွေဟာလည်း မကြာခဏ ဆိုသလို လူမှုကွန်ရက်မှာ တွေ့နေရပါတယ်။

#voiceofmyanmar #VOM #လူငယ်တွေပျောက်ဆုံး #ဒီပဲယင်း #ရေဦး

Related posts

Leave a Comment

VOM News

FREE
VIEW