သေနတ်နဲ့ပစ်ခံရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်၊ ရေတပ် စစ်မှုထမ်းဟောင်းတဦးက လုပ်ကြံခဲ့ခြင်းဖြစ်

တိုကျို၊ ဇူလိုင် ၈-၂၀၂၂
မျိုးဆက်(VOM)

ဒီနေ့မနက်ပိုင်း မဲဆွယ်စည်းရုံးရေးပွဲတခုမှာ သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဂျပန် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

ရှင်ဇိုအာဘေးဟာ သောကြာနေ့က နာရာမြို့မှာ မိန့်ခွန်းပြောနေစဉ်အတွင်း သေနတ်နဲ့ နှစ်ချက် ပစ်ခံခဲ့ရတာဖြစ်ပါတယ်။

NHK သတင်းထောက်တစ်ဦးသည် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်မှာ သေနတ်သံနှစ်ချက်ကြားကြားရပြီး ဆေးရုံသို့မပို့မီ ရှင်ဇိုအာဘေးဟာ လဲကျသွားပြီး သွေးတွေထွက်နေတာကို တွေ့ခဲ့ရတယ်လို့ NHK သတင်းထောက်က ပြောပါတယ်။

လူသတ်မှုဖို့ ကြိုးပမ်းမှုနဲ့ သေနတ်သမားဖြစ်သူ အသက် ၄၁ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သေနတ်သမားဟာ ဂျပန်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှာ ၂၀၀၅ ခုနှစ်အထိ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ၀န်ကြီးချုပ်ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်၆၇ နှစ်ရှိပြီ ဖြစ်ပါတယ်။

Ref: NHK
Photo: Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW