(၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမည်မဟုတ်

ဖနွမ်းပင်၊ ဇူလိုင် ၈-၂၀၂၂
မျိုးဆက်(VOM)

အာဆီယံအဖွဲ့ဟာ ယခုလနှောင်းပိုင်းမှာ ပြုလုပ်မယ့် ၅၅ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများတွေမှာ နစက နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ထိပ်သီးဖိုရမ်ကို တက်ရောက်ဖို့ မြန်မာစစ်တပ်က ရွေးချယ်ထားတဲ့ ထိပ်တန်းသံတမန်ကို အာဆီယံက ဒုတိယအကြိမ် ခွင့်မပြုတာလည်း ဖြစ်ပါတယ်။

အဲဒီအစား အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံက နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ်တဦးကိုသာ အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားမှာဖြစ်တယ်လို့ အာဆီယံအထူးသံတမန် ပရက်ဆိုခွန်းက ပြောပါတယ်။

အစည်းအဝေးကို လာမယ့် ဇူလိုင် ၃၀ ရက်ကနေ သြဂုတ် ၆ ရက်အထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ကမ္ဘောဒီးယားဟာ လက်ရှိအာဆီယံ အလှည့်ကျ ဥကဌဖြစ်ပြီး အထူးသံတမန်ဖြစ်တဲ့ ပရက် ဆိုခွန်းဟာ မြန်မာ နိုင်ငံကိုနှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ပါဘူး။

Ref: Anadolu
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW