သီရိလင်္ကာ သမ္မတနန်းတော်ကို ဆန္ဒပြသူတွေ၀င်စီးမှုကြောင့် သမ္မတထွက်ပြေး ၊ ၀န်ကြီးချုပ်လည်း နှုတ်ထွက်ဖို့ သဘောတူပြီ

ကိုလံဘို၊ ဇူလိုင်-၉-၂၀၂၂ မျိုးဆက်(VOM) ကိုလံဘိုမှာရှိတဲ့ သီရိလင်္ကာသမ္မတနန်းတော်ကို ထောင်ပေါင်းများစွာသောပြည်သူတွေက ဇူလိုင် ၉ ရက်မှာ ၀င်ရောက်စီးနှင်းခဲ့တာကြောင့် သမ္မတဖြစ်သူ ဂိုတာဘာယာ ရာဂျာပက်ဆာ ထွက်ပြေးခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က လေထဲကို သေနတ်ပစ်ဖောက်ခဲ့ပေမယ့် ဆန္ဒပြသူတွေကို တားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။ သီရိလင်္ကာသမိုင်းမှာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် ပြည်သူတွေက လပေါင်းများစွာ ဆန္ဒပြနေကြပါတယ်။ လက်ရှိအခြေအနေမှာ ၀န်ကြီးချုပ်ကလည်း နှုတ်ထွက်ဖို့သဘောတူလိုက်ပြီဖြစ်ကြောင်း ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ နိုင်ငံမှာ နိုင်ငံခြားငွေ ရှားပါးပြတ်လပ်မှုတွေကြောင့် လောင်စာဆီ၊ အစားအစာနဲ့ ဆေးဝါးလိုမျိုး မရှိမဖြစ် ကုန်ပစ္စည်းတွေ တင်သွင်းဖို့အတွက် ရုန်းကန်နေရပါတယ်။ သမ္မတရာဂျာပက်ဆာရဲ့မိသားစုဟာ နိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့ပြီး စီးပွားရေးကို မှားယွင်းစွာ စီမံခန့်ခွဲမှုနဲ့ တရုတ်နိုင်ငံကနေ ချေးငွေများစွာ ယူခဲ့တဲ့အပေါ် ပြည်သူတွေက အပြစ်တင်နေကြပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar #VOM #ကိုလံဘို

Read More

ကြံခင်းမှာ တပတ်အတွင်း ဒေသခံ၂၀ နီးပါး ဖမ်းဆီးခံထားရ

ဇူလိုင် ၉-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ်မှာ ဇူလိုင်၂ ရက်စလို့ မနေ့က ဇူလိုင် ၈ ရက်အထိ တပတ်အတွင်း ဒေသခံ အရပ်သား အယောက် ၂၀ ကို တရားမဝင်အဖွဲ့အစည်း တွေနဲ့ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ “ဒီ၁ ပတ်အတွင်း အဖမ်းခံထားရသူ အယောက် ၂၀ ကျော်ရှိတယ်၊ တရားမဝင်အဖွဲ့တွေနဲ့ပတ်သက်တယ် ဆိုပြီးအဖမ်းခံရတာပါ၊ရွာထဲကနေ ဒေသခံတွေပဲ အဖမ်းခံရတာ၊အမျိုးသားလူငယ်တွေများတယ်၊ ဒီကနေ့အထိ အဆက်သွယ်မရကြဘူး၊ ရိုက်နက်စစ်ဆေးကြားရလို့ ကလေးတွေကိုစိတ်ပူတယ် ငရုတ်ကောင်းဘက်မှာ ရိုက်နက်စစ်ဆေးရင်း သေသွားလို့ပါ ”လို့ အဖမ်းခံရတဲ့သူတွေရဲ့မိသားစုတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။ အဖမ်းခံရသူတွေဟာ စပါးအိုးကျေးရွာနဲ့ အနီးဝန်းကျင် ဒေသက လူငယ်တွေနဲ့ လူလတ်ပိုင်းအရွယ် ဒေသခံတွေဖြစ်ပြီး လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေတဲ့သူတွေဖြစ်တယ်လို့သိရကာ ဖမ်းဆီးသွားတဲ့အခါ စစ်ဆေးစရာကိစ္စရှိလို့လာဖမ်းတာလို့ ပြောသွားကြောင်း သိရပါတယ်။ အဲ့ဒီ အခြေအနေနဲ့ပတ်သက်လို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးနေတဲ့တရားလွှတ်တော်ရှေ့နေတဦးက ” အဖမ်းခံရလို့…

Read More

တရုတ်နိုင်ငံသား ၁ ဘီလီယံကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံရပြီး ရောင်းစားခံရမယ့် အရေး ရင်ဆိုင်နေရ

ပေကျင်း၊ ဇူလိုင်-၉-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံသား ၁ ဘီလီယံကျော်ရဲ့ အချက်အလက်တွေကို ဟတ်ကာတဦးက ခိုးယူပြီး ရောင်းစားဖို့ ကမ်းလှမ်းချက် ထွက်ပေါ်လာပြီးနောက် လူ့အဖွဲ့အစည်းရဲ့ သတင်းအချက်အလက်လုံခြုံရေးကို ကာကွယ်ဖို့ တရုတ်သမ္မတ ရှီကျင်းပင်က တိုက်တွန်းလိုက်ပါတယ်။ ဟတ်ကာဟာ တရုတ်နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ရှန်ဟိုင်းအမျိုးသားရဲတပ်ဖွဲ့ထံကနေ ခိုးယူခဲ့တာဖြစ်ကြောင်း ဖိုရမ်တခုမှာ အချက်အလက်တွေကို ရောင်းချဖို့ ကမ်းလှမ်းရာမှာ ပြောပါတယ်။ ခိုးယူခဲ့တဲ့ အချက်အလက်တွေမှာတော့ အမည်တွေ၊ လိပ်စာတွေ၊ မှတ်ပုံတင်နံပါတ်တွေနဲ့ ဖုန်းနံပါတ်တွေပါ ပါ၀င်နေပါတယ်။ ရောင်းချဖို့ကမ်းလှမ်းရာမှာ နမူနာချပြတဲ့အချက်အလက်တွေဟာ အစစ်အမှန်တွေဖြစ်ကြောင်း ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ ခိုးယူခဲ့တဲ့ အချက်အလက်တွေဟာ ၂၃ တယ်ရာဘိုက်ပမာဏရှိပြီး ရောင်းချဖို့ကမ်းလှမ်းရာမှာ အများဆုံး ဒေတာပမာဏဖြစ်ပြီး ဇူလိုင် ၈ ရက်မှာ ဟတ်ကာကတင်ထားတဲ့ ပို့စ်ကို မဖျက်ခင်ထိ ဒေါ်လာ နှစ်သိန်း စျေးပေးထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်တာ၀န်ရှိသူတွေက လက်ရှိချိန်ထိ တုံ့ပြန်မှုတစုံတရာမရှိသေးပါဘူး။…

Read More

လင်းနို့ကကူးစက်တဲ့ ဗိုင်းရပ်စ်တမျိုး ဂါနာမှာ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေ

အက်ခရာ၊ ဇူလိုင်-၉-၂၀၂၂ မျိုးဆက်(VOM) ဂါနာနိုင်ငံမှာ အီဘိုလာရောဂါလိုမျိုး ကူးစက်မှုမြင့်မားတဲ့ မာဘတ်ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သံသယရှိသူနှစ်ဦးကို တွေ့ရှိပြီးနောက် လူ ၃၄ ဦးကို ကွာရန်တင်း၀င်ခိုင်းထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ စောင့်ကြည့်ဖို့အတွက် ကွာရန်တင်း၀င်နေရသူတွေဟာ သံသယလူနာနှစ်ဦးနဲ့ အနီးကပ်ထိတွေ့မိသူတွေ ဖြစ်တယ်လို့ တာ၀န်ရှိသူတွေကဆိုပါတယ်။ ဂါနာတောင်ပိုင်း အေရှန်တီဒေသရှိ နေရာနှစ်ခုမှာ သံသယဖြစ်ဖွယ် မာဘတ်ဗိုင်းရပ်စ် ကူးစက်နိုင်ခြေကို အနီးကပ်စောင့်ကြည့်နေကြောင်း ဂါနာ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသွားတဲ့ သံသယလူနာနှစ်ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံနေရတာကို တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် မာဘတ်ဗိုင်းရပ်စ်ကူးစက်မှုဟာ ဂါနာမှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနောက်အာဖရိကဒေသမှာတော့ ဒုတိယမြောက် ကူးစက်မှုလည်းဖြစ်ပါတယ်။ ရောဂါကူးစက်ခံရရင် လက္ခဏာတွေကတော့ ၀မ်းလျှောခြင်း၊ ဖျားနာခြင်း၊ ပျို့အန်ခြင်းတို့ဖြစ်ပြီး ဗိုင်းရပ်စ်ဟာ လင်းနို့တမျိုးကနေ စတင်ကူးစက်ခြင်းဖြစ်ပြီး ရောဂါကူးစက်ခံရသူနဲ့ တိုက်ရိုက်ထိတွေ့တာ၊ အရည်တွေ၊ မျက်နှာပြင်၊ ပစ္စည်းတွေနဲ့ ထိတွေ့ခြင်းဖြင့်…

Read More

တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ၀ယ်ယူမယ့် အစီအစဉ် အီလွန်မာ့ခ် အဆုံးသတ်

၀ါရှင်တန်၊ ဇူလိုင်-၉-၂၀၂၂ မျိုးဆက်(VOM) အီလွန်မာ့ခ်ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ၀ယ်ယူမယ့် အစီအစဉ်ကို အဆုံးသတ်ဖို့ လုပ်ဆောင်နေပြီး သဘောတူညီချက်တွေကို တွစ်တာကချိုးဖောက်ခဲ့ကြောင်း သူကပြောပါတယ်။ တွစ်တာဟာ အကောင့်တုတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လုံလောက်စွာမပေးတာကြောင့် ၀ယ်ယူဖို့ စီစဉ်ထားတာကို အဆုံးသတ်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း အီလွန်မာ့ခ်က ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။ ဒါပေမယ့် တွစ်တာကတော့ ၀ယ်ယူရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဥပဒေကြောင်းအရ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။ တွစ်တာဘုတ်အဖွဲ့ဟာ မစ္စတာမာ့ခ်နဲ့ သဘောတူထားသည့်စျေးနှုန်းနဲ့ စည်းကမ်းချက်များအရ ငွေပေးငွေယူကို ပိတ်ပစ်ဖို့ ကတိပြုလိုက်ကြောင်း တွစ်တာ ဥက္ကဌဖြစ်သူ ဘရက်တေလာက ပြောပါတယ်။ ဒါကြောင့် အီလွန်မာ့ခ်နဲ့ တွစ်တာတို့အကြား ကာလရှည်ကြာ တရားတဘောင်ဖြစ်လာနိုင်ဖွယ်ရှိပြီး ကနဦးသဘောတူညီချက်အရ တွစ်တာကို၀ယ်ယူမှုကို ရပ်ဆိုင်းခဲ့ရင် အီလွန်မာ့ခ်က ဒေါ်လာ တစ်ဘီလီယံ ပေးဖို့အချက်ပါ၀င်နေပါတယ်။ Ref:…

Read More

ကန့်ဘလူမြို့နယ် မြောက်ပိုင်းက ယာယီ တိုက်ပွဲရှောင်နေရာမှာ ကလေးအများအစု ရာသီပေါ် တုပ်ကွေးနဲ့ ဖျားနာတာတွေဖြစ်နေ

ဇူလိုင် ၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် မြောက်ပိုင်း ၊ ကျွန်းလှမြို့နယ် အစပ်က ယာယီတိုက်ပွဲရှောင်နေရတဲ့ မိသားစုတွေထဲက ရာနဲ့ချီတဲ့ ကလေးတွေဟာ အခုလ ၃ ရက် နောက်ပိုင်းကစလို့ ရာသီပေါ် တုပ်ကွေးရောဂါနဲ့ ဖျားနာတာတွေ ဖြစ်ပေါ် ခံစားနေရတယ်လို့ ယာယီ တိုက်ပွဲရှောင်နေတဲ့ မိသားစုတွေဆီက သိရပါတယ်။ ” ရွာ ၁၂ ရွာလောက်က တိမ်းရှောင်လာကြတာ ၊ ပြေးလာကာစတုန်းက လူ ၃ ထောင်ကျော်တယ် ၊ ရွာမှာ အိမ်ရှိတဲ့ လူတွေက ပြန်ကုန်ကြပြီ ၊ အိမ်မီးရှို့ခံရလို့ မပြန်နိုင်တဲ့သူတွေလောက်ပဲကျန့်ခဲ့တာ ၊ အားလုံးပေါင်းရင် လူကြီး ကလေး ၂ ထောင်ကျော်မယ် ၊ အဲ့ဒီထဲက သွေးလွန်တုပ်ကွေးဖြစ်တာက ကလေး ၇၀…

Read More

ဒီပဲယင်းမြို့နယ်က ကျေးရွာတွေမှာ မီးရှို့ခံရတာတွေ ထပ်ဖြစ်တာအပြင် လူတချို့ပျောက်နေ

ဇူလိုင် ၊ ၉ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင် ၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေမှာ မနေ့ ဇူလိုင် ၈ ရက်မနက်ပိုင်းက မီးရှို့တာတွေ ထပ်ဖြစ်ခဲ့တဲအတွက် အခုဆိုရင် မီးရှို့ခံရတဲ့ ကျေးရွာ အရေအတွက်တိုးမြင့်လာပြီး လူနေအိမ်တွေ မီးလောင်ပျက်စီးမှု ပမာဏကလည်း များလာနေတယ်လို့ ဒီပဲယင်းနယ်ခံတွေက ဆီက သိရပါတယ်။ ” မနေ့​က မနက်ပိုင်းက ပျံကျရွာမှာ အိမ်ခြေ ၂၀ မီးရှို့ခံရပြီး ၊ အိမ်ထောင်မိသားစု ၂၀နဲ့ လူဦးရေ ၁ ရာကျော် မီးဘေးသင့်ခဲ့ရတယ် ” လို့ ပျံကျရွာခံ တယောက်က ပြောပါတယ်။ ဒါ့အပြင် ပျံကျရွာခံ လူတချို့လည်း အဲ့ဒီ မီးလောင်မှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေတာရှိတယ်လို့ သိရပါတယ်။ ” ရွာက လူ ၅ ယောက်လည်း…

Read More

မုံရွာမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းရဲ့ လက်ဖက်ရည်ဆိုင် ဓားပြတိုက်ခံရ

ဇူလိုင် ၊၉ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရုံးကြီးရပ်ကွက် ၊ရေမိန်လမ်းမှာရှိ ရွှေညောင်ပင် လက်ဖက်ရည်ဆိုင်ဟာ မနေ့ ဇူလိုင် ၈ ရက် မနက်ပိုင်းက ဓားပြတိုက်ခံရတယ်လို့ ရုံးကြီးရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။ ” အဲ့ဒီ ရွှေညောင်ပင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်ဖြစ်သူက အရင် ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက ရုံးကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်ခဲ့တဲ့သူဖြစ်တယ် ၊ သူ့ဆိုင်က မြို့လယ်ခေါင်မှာ ရှိတာ ၊ ရဲစခန်းနဲ့လည်း သိပ်မဝေးဘူး ၊ အဲ့ဒီဆိုင် ဓားပြတိုက်ခံရတာ”လို့ ရုံးကြီးရပ်ကွက်နေသူတယောက်က ပြောပါတယ်။ အဲ့ဒီ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းဆိုင် ဓားပြတိုက်ခံရတာနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတယောက်က ” မနေ့မနက်က ဖြစ်တာပါ ဆိုင်ကယ် ၃ စီး လူ ၅ ယောက်က…

Read More

တမူး-မိုးရေး နယ်စပ်အဝင်အထွက် ပိတ်ဆို့မှုကြောင့် ကူးသန်းရောင်းဝယ်ရေးသမားတွေအခက်တွေ့

ဇူလိုင် ၉-၂၀၂၂ Voice Of Myanmar ပြီးခဲ့တဲ့ ဇူလိုက်လ (၅) ရက်နေ့က အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အိန္ဒိယနိုင်ငံသား (၂) ဦးအသတ်ခံရမှုဖြစ်ပေါ်ခဲ့တာကြောင့် တမူး-မိုးရေး နှစ်နိုင်ငံနယ်စပ်ကူးသန်းရောင်းဝယ်ရေးဂိတ်တွေကို ရက်အကန့်အသတ်မရှိပိတ်ထားခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် တမူးမြို့ကနေ မိုးရေမြို့တဖက်ကမ်းကိုသွားရောက်ဈေးရောင်းချနေရတဲ့ ကုန်စိမ်းဈေးသည်တွေ အခက်ကြုံနေကြရပါတယ်။ အဲ့ဒီဈေးသည်တွေဟာ အရောင်းအဝယ်ပြုလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအနှီးကို ငွေတိုးချေးပြီး လုပ်ကိုင်နေရတာဖြစ်တယ်လို့ သံပရာသီးရောင်းချတဲ့ ဈေးသည်တဦးကပြောပါတယ်။ လက်ရှိမှာ ဈေးမရောင်းရတဲ့အပြင် ကုန်ပစ္စည်းကရေရှည်အထားခံတဲ့ပစ္စည်းမဟုတ်တာကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေလည်းရှိတယ်လို့ ပြောပါတယ်။ အခုလိုအခက်အခဲမျိုးကို ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် ပန်းရောင်းပြီးစားဝတ်နေရေးကိုဖြေရှင်းနေရတဲ့ အသက် ၇၀ ကျော်အရွယ်အဖွားတဦးလည်းကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် နယ်စပ်ကူးသန်းရောင်းဝယ်ရေးသမားတွေကို အမှီပြုပြီးလုပ်ကိုင်စားသောက်နေရတဲ့တမူးမြို့က သုံးဘီး တက္ကစီသမားတွေလည်း အခက်အခဲကြုံတွေ့နေကြရပါတယ်။ တမူးမြို့ဟာလူဦးရေ (၁) သိန်းကျော်ရှိပြီး အရင်ကနယ်စပ်ကူးသန်းရောင်းရေးသမားတွေနဲ့ သာယာစည်ကားနေပြီး လက်ရှိအချိန်မှာတော့ လူသွားလူလာနည်းပါးကာ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့လည်း တမူဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။…

Read More
VOM News

FREE
VIEW