ပြည်သူ့ဆန္ဒ မလွန်ဆန်နိုင်တာကြောင့် သီရိလင်္ကာသမ္မတ ထွက်တော်မူ နန်းကခွာတော့မယ်

ကိုလံဘို ၊ ဇူလိုင် ၁၀ -၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာဟာ ဆန္ဒပြသူတွေက သူရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းကာ ဝန်ကြီးချုပ်ရဲ့နေအိမ်ကို မီးရှို့ပြီးနောက် ရာထူးမှနုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။

ဆန္ဒပြသူတွေ ဝင်စီးတဲ့အချိန်မှာ ၀န်ကြီးချုပ်ရော၊ သမ္မတရော သူတို့ရဲ့နေအိမ်တွေမှာ ရှိမနေခဲ့ပါဘူး။

သမ္မတ ရာဂျာပက်ဆာကတော့ အိမ်တော်ကထွက်ပြေးသွားပြီး ဆန္ဒပြသူတွေက သူ့အိမ်တော်မှာ အောင်ပွဲခံခဲ့ကြပါတယ်။

နိုင်ငံ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် လနဲ့ချီကြာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ရာဂျာပက်ဆာ ရာထူးမှ နုတ်ထွက်ဖို့တောင်းဆိုခဲ့ကြပါတယ်။

သမ္မတ ရာဂျာပက်ဆာဟာ ဇူလိုင် ၁၃ ရက်မှာ ရာထူးမှ ဆင်းပေးမှာဖြစ်ပြီး ဝန်ကြီးချုပ်ကလည်းရာထူးမှ နုတ်ထွက်ဖို့ သဘောတူညီခဲ့ပါတယ်။

ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရေးအတွက် သမ္မတက ရာထူးက ဆင်းပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဥပဒေကို လေးစားလိုက်နာကြဖို့ လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားပါတယ်။

Ref: BBC
Photo: Getty Images

#voiceofmyanmar #VOM #သီရိလင်္ကာ # ကမ္ဘာ့သတင်း

Related posts

Leave a Comment

VOM News

FREE
VIEW