ရေကြည်မြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၅၁ ယောက်ဖမ်းမိ

ဇူလိုင် ၁၀-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ကားနဲ့လာတဲ့ နိုင်ငံသားအထာက်
အထားမဲ့သူ ၅၁ ယောက်ကို မနေ့ ဇူလိုင် ၉ ရက်ကဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်းကနေသိရပါတယ်။

ဖမ်းမိသူတွေဟာ ရေကြည်မြို့နယ် မိဿာလင်ကျေးရွာအုပ်စု၊စာဥစမ်းကျေးရွာအနီးမှာ ဖမ်းမိခဲ့တာလို့သိရပြီး ကား ၂ စီးကိုမောင်းပေးတဲ့ ကားသမားတွေကတော့ ထွက်ပြေးသွားတယ်လို့သိရပါတယ်။

”ရခိုင်ပြည်နယ်နဲ့ဧရာဝတီတိုင်းအဝင် နယ်စပ်ဂိတ်တစ်ခုမှာ အစစ်ဆေးမခံလို့ မောင်းပြီးထွက်ပြေးလာတဲ့ကား ၂ စီးကို အနာက်ကလိုက်ဖမ်းဆီးချိန်မှာမိဿာလင်ကျေးရွာအုပ်စုထဲက စာဥစမ်းကျေးရွာအနားမှာဖမ်းမိခဲ့တာ၊ကားနဲ့ မောင်းပို့တဲ့ ကားသမားတွေကိုတော့ မမိလိုက်ဖူးလို့။”လို့ ရဲတပ်ဖွဲ့တာ၀န်ရှိသူတဦးကပြောပါတယ်။

ဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၅၁ ယောက်ထဲမှာ အမျိုးသား ၂၈ ယောက်၊အမျိုးသမီး ၂၀ ယောက်နဲ့ ကလေး ၃ ယောက်ဖြစ်ပြီး သူတို့တွေကို ရေကြည်မြို့နယ်၊ကုန်းပြင်နယ်မြေရဲစခန်းမှာဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်ကလည်း ကျိုက်လတ်မြို့နယ်၊ကညင်ကိုင်းကျေးရွာအုပ်စု၊ဝဲစွန်းကျေးရွာအနီးမှာ စက်လှေနဲ့လာတဲ့နိုင်ငံသားအထောက်အထားမဲ့သူ ၂၈ ယောက်ကိုလည်း ဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေကြည်မြို့ #နိုင်ငံသားအထောက်အထားမဲ့၅၁ဦး #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW