ရုရှားလက်က နယ်မြေတွေပြန်သိမ်းဖို့ သန်းနဲ့ချီတဲ့စစ်အင်အား ယူကရိန်း စုစည်းနေ

ကိယက်ဗ်၊ ဇူလိုင်-၁၁-၂၀၂၂
မျိုးဆက်(VOM)

ရုရှားတပ်တွေသိမ်းယူထားတဲ့ ယူကရိန်းတောင်ပိုင်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် နေတိုးအဖွဲ့ရဲ့ လက်နက်တွေတပ်ဆင်ထားတဲ့ သန်းနဲ့ချီတဲ့စစ်အင်အား စုစည်းဖို့စီစဉ်နေကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပင်လယ်နက်ကမ်းရိုးတန်းတဝိုက်ရှိ ဒေသတွေကို ပြန်လည်သိမ်းပိုက်ဖို့ဟာ ယူကရိန်းနိုင်ငံရဲ့ စီးပွားရေးအတွက် အလွန်အရေးကြီးကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီး Oleksii Reznikov ကပြောပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာရှိတဲ့ နယ်မြေတွေကိုသိမ်းပိုက်နိုင်ရေး အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ ယူကရိန်းကာကွယ်ရေး၀န်ကြီးက နိုင်ငံတောင်ပိုင်းနယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ရေးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ယူကရိန်းကို ဆိုဗီယက်ခေတ်လက်နက်တွေမှ နေတိုးအဆင့်မှီ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ လက်နက် ခဲယမ်းမီးကျောက်တွေနဲ့အတူ ယူကရိန်းအတွက် ထောက်ပံ့မှုမှ အသွင်ကူးပြောင်းရေးမှာ ဗြိတိန်ဟာ အဓိကအခန်းကဏ္ဍမှ ပါ၀င်ကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီးက တိုင်းမ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ချီးကျူးပြောဆိုပါတယ်။

မိမိတို့မှာ လက်နက်ကိုင်တပ်ဖွဲ့၀င် ခုနှစ်သိန်းရှိပြီး အမျိုးသားအစောင့်တပ်၊ နယ်ခြားစောင့်တပ်များပါ ပေါင်းလိုက်ပါက အင်အားတသန်း၀န်းကျင်ရှိကြောင်း သူကပြောပါတယ်။ တပ်ဖွဲ့၀င်တွေအတွက် လက်နက်တွေတပ်ဆင်ပေးမှုကို အရှိန်မြှင့်ဖို့လိုတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ဇူလိုင် ၁၀ ရက်မှာ ဒွန်နက်စ်ဒေသရှိ ကရာမာထရော့မြို့မှာရှိတဲ့ ငါးထပ်လူနေတိုက်ခန်းတွဲကို ရုရှားတပ်တွေက ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦးသေဆုံးပြီး ကျော်ပျောက်ဆုံးနေပါတယ်။

Ref: BBC
Photo:PA Media
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW