ဒေသလုံခြုံရေးအတွက် ဘိုကလေးမှာ တရပ်ကွက်ကို လူငယ် ၆၀ စာရင်းကောက်

ဇူလိုင် ၁၂-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ဘိုကလေးမြို့မှာ ရပ်ကွက် ၁ ခုကို လူအယောက် ၆၀ နှုန်းနဲ့ဇူလိုင် ၈ရက်ကနေ မနေ့ဇူလိုင် ၁၁ ရက်အထိ စာရင်းကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

”ပြည်သူ့စစ်ဖွဲ့ဖို့ဆိုပြီး စာရင်းလိုက်ကောက်နေတာ၊ ရပ်ကွက်အုပ်ကြီးတွေက စာရင်းတွေလိုက်ကောက်နေတာပါ၊ဒေသလုံခြုံရေးအတွက်ဆိုပြီးတော့ပြောပြီးကောက်တာ၊ စာရင်းပေးတဲ့သူတွေလည်းရှိတာတွေ့ရတယ်၊လူငယ်တွေကို အဓိကထားကောက်နေတာ။”လို့ ဘိုကလေးမြို့ခံတဦးကပြောပါတယ်။

ဘိုကလေးမြို့နယ်မှာ ရပ်ကွက်တခုကို လူအယောက်
၆၀ အထိ စာရင်းကောက်တာဟာ ဒေသခံတွေရဲ့လုံခြုံရေးအတွက် လုပ်ပေးတာဖြစ်တယ်လို့ဦးဆောင်စာရင်းကောက်ယူနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကပြောဆိုတယ်လို့သိရပြီး အမျိုးသားလူငယ်တွေကိုအဓိကထားစာရင်းကောက်နေတာလို့ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက”ဒေသလုံခြုံရေးအတွက် လုပ်တာဖြစ်လိမ့်မယ်၊ပြည်သူတွေ ပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်သဘောပါ၊ပြည်သူတွေပါရင် ဘာမဆိုဖြစ်ပါတယ်၊အခုလည်း ပြည်သူတွေ လုပ်ချင်မှ လုပ်ရမှာပေါ့၊ ကိုယ့်ဒေသလုံခြုံရေးအတွက်ဖြစ်လိမ့်မယ်လို့ပဲ ပြောတတ်မယ်။”လို့ပြောပါတယ်။

ဘိုကလေးမြို့နယ်မှာ ၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်း
ရဲတပ်ဖွဲ့ဝင် ၁ ယောက် နဲ့ သတင်းပေးလ်ို့နာမညါထွက်နေသူ ၃ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး ကျောင်းဆရာ၊ဆရာမတွေအပါအဝင် ဒေသခံ ၁၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။

ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်းက ရပ်ကွက် ၁ ခုကို လူအင်အား ၆၀ ဦးနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့စာရင်းကောက်ခဲ့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဘိုကလေး #လူ၆၀စာရင်းကောက်

Related posts

Leave a Comment

VOM News

FREE
VIEW