အိန္ဒိယက တရုတ်ကိုကျော်တက်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာတော့မယ်

ကုလသမဂ္ဂ၊ ဇူလိုင်-၁၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံဟာ လာမယ့်နှစ်မှာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာမှာဖြစ်ပြီး နိုင်ငံ့လူဦးရေဟာ ၁ ဒသမ ၄ ဘီလီယံကျော်နဲ့ တရုတ်နိုင်ငံကိုကျော်တက်သွားမှာဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

ယခုနှစ် နို၀င်ဘာလမှာ ကမ္ဘာ့လူဦးရေဟာ ရှစ်ဘီလီယံထိ ရှိလာမှာဖြစ်ပေမယ့် လူဦးရေတိုးပွားမှုနှုန်းဟာ ယခင်ကလောက် မြန်ဆန်မှုမရှိကြောင်း ကုလသမဂ္ဂကဆိုပါတယ်။

ဒါဟာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အနှေးကွေးဆုံးဖြစ်ပြီး ၂၀၈၀ ပြည့်နှစ်တွေမှာတော့ ကမ္ဘာ့လူဦးရေဟာ ၁၀ ဒသမ ၄ ဘီလီယံခန့်ရှိလာမယ်လို့ လူဦးရေဆိုင်ရာ ပညာရှင်တွေက ယုံကြည်နေပါတယ်။

ဒါပေမယ့် ကမ္ဘာ့လူဦးရေဟာ မညီမညာတိုးပွားနေပြီး လာမယ့်နှစ် ၃၀ အတွင်းတွေ့ရှိရမယ့် လူဦးရေတိုးပွားမှုရဲ့ ထက်၀က်ကျော်ဟာ ကွန်ဂို၊ အီဂျစ်၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ တန်ဇန်းနီးယားနိုင်ငံတို့့ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးနိုင်ငံအချို့မှာ အမျိုးသမီးတဦးဟာ ကလေးမွေးဖွားမှုနှုန်း ၂ ဒသမ ၁ အောက်ကျဆင်းသွားတဲ့ အတွက် လူဦးရေကျဆင်းနေပြီး နိုင်ငံပေါင်း ၆၁ နိုင်ငံမှာ ၂၀၅၀ ပြည့်နှစ်မှာ လူဦးရေ တရာခိုင်နှုန်းကျဆင်းလာမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW