မြန်မာနိုင်ငံမှာ အိုမီခရွန်မျိုးရိုဗီဇပြောင်းရောဂါပိုး BA.4 (၁)ဦး နဲ့ BA.5 (၅)ဦး တွေ့ရှိထား

ဇူလိူင် ၁၂-၂၀၂၂
VOM(GG)

မြန်မာနိုင်ငံမှာ Omicron အိုမီခရွန်မျိုးရိုဗီဇပြောင်းရောဂါပိုး BA.4 (၁)ဦး နဲ့ BA.5 (၅)ဦး စစ်ဆေးတွေ့ရှိရတယ်လို့် ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီOmicron (အိုမီခရွန်)မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နဲ့ BA.5 တွေ့ရှိသူ ၆ ဦးဟာ ပြည်ပနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။

” ၁၆ ခုစစ်တာမှာ ၆ ယောက်မှာတွေ့ရတာပေါ့ ။အကုန်လုံးကျန်းမာရေးကောင်းပါတယ်။သတ်မှတ်ရက်အတိုင်း သီးခြားထား​ပြီးကုသထားပါတယ်။ “လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။

ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူတွေထဲက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေရဲ့ဓာတ်ခွဲနမူနာ​တွေအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်တဲ့ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၁၆ ခုကို ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို ဆေးသုတေသနဦးစီးဌာန (Department of Medical Research)မှာ ဇွန်လ ၃၀ ရက်နေ့က စစ်ဆေးမှုအရ မျိုးရိုးဗီဇပြောင်း ရောဂါပိုးရှိသူ ၆ ယောက်ကိုတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာလေ့လာတွေ့ရှိချက်တွေအရတော့ Omicron (အိုမီခရွန်)မျိုးရိုးဗီဇပြောင်း ရောဂါပိုးဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူတွေမှာဆိုရင် ရောဂါလက္ခဏာ ပြင်းထန်ခြင်း၊ သေဆုံးခြင်း လျော့နည်းကြောင်း တွေ့ရှိရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်းနဲ့ ပြည်ပနိုင်ငံတွေကနေ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)၊ ကယ်ဆယ်ရေးလေယာဉ် (Relief Flight)၊ နယ်စပ်ဝင်ထွက်ဂိတ်ကတဆင့် ဝင်ရောက်လာသူတွေကို ဓာတ်ခွဲနမူနာရယူပြီး ဓာတ်ခွဲစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မြန်မာနိုင်ငံ #အိုမီခရွန်မျိုးရိုဗီဇပြောင်းရောဂါပိုး

Related posts

Leave a Comment

VOM News

FREE
VIEW