သီရိလင်္ကာသမ္မတ နိုင်ငံတွင်းကနေ စစ်လေယာဉ်နဲ့ မော်လ်ဒိုက်ကို ထွက်ပြေးပြီ

ကိုလံဘို၊ ဇူလိုင်-၁၃-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာဟာ နိုင်ငံံ့စီးပွားရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး လူထုဆန္ဒပြမှုတွေဖြစ်ပွားနေချိန်မှာ နိုင်ငံတွင်းကနေ စစ်လေယာဉ်နဲ့ ထွက်ပြေးသွားခဲ့ပါတယ်။

အသက် ၇၃ နှစ်အရွယ်သမ္မတဟာ သူ့ရဲ့ဇနီး ၊ လုံခြုံရေးအရာရှိနှစ်ဦးနဲ့အတူ မော်လ်ဒိုက်ကို ထွက်ပြေးသွားခဲ့ကြောင်း သီရိလင်္ကာလေတပ်က အတည်ပြုပြောဆိုပါတယ်။

သူတို့ဟာ မော်လ်ဒိုက်နိုင်ငံမြို့တော် မာလေးသို့ ဒေသစံတော်ချိန် နံနက် သုံးနာရီမှာ ရောက်ရှိခဲ့ကြောင်းသိရပါတယ်။

သမ္မတရာဂျာပက်ဆာ ထွက်ပြေးမှုဟာ သီရိလင်္ကာနိုင်ငံကို ဆယ်စုနှစ်များစွာအုပ်ချုပ်ခဲ့တဲ့ သူ့ရဲ့မိသားစုအုပ်စိုးခြင်းကို အဆုံးသတ်သွားစေခဲ့ပါတယ်။

မစ္စတာရာဂျာပက်ဆာသည် မော်လ်ဒိုက်မှာ အမြဲနေထိုင်မှာမဟုတ်ဘဲ တတိယနိုင်ငံကို သွားရောက်ဖို့ ရည်ရွယ်ထားကြောင်း သတင်းရင်းမြစ်တဦးကပြောပါတယ်။

သူ့ရဲ့ညီဖြစ်သူ ဘဏ္ဍာရေး၀န်ကြီးဟောင်း ဘာဆေးလ်ရာဂျာပက်ဆာဟာလည်း သီရိလင်္ကာမှထွက်ပြေးကာ အမေရိကန်သို့ သွားရောက်နေတယ်လို့သိရပါတယ်။

ဇူလိုင် ၉ ရက်မှာ ဆန္ဒပြလူအုပ်ကြီးဟာ သမ္မတရဲ့နေအိမ်ကို ၀င်ရောက်စီးနှင်းခဲ့ပြီနောက် သမ္မတဟာ လုံခြုံတဲ့နေရာမှာ ပုန်းအောင်းနေခဲ့ပြီး ဇူလိုင် ၁၃ ရက်မှာ ရာထူးကနေ နှုတ်ထွက်မယ်လို့ ကတိပြုခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW