သီရိလင်္ကာမှာ ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွား၊ လူတဦးသေဆုံးပြီး ၈၄ ဦးဒဏ်ရာရ

ကိုလံဘို၊ ဇူလိုင်-၁၄-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုမှာ ဇူလိုင် ၁၃ ရက်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လူတဦးသေဆုံးပြီး ၈၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံတာ၀န်ရှိသူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲခဲ့ပြီးနောက် အသက် ၂၆ နှစ်အရွယ်အမျိုးသားတဦးဟာ အသက်ရှူကြပ်ကာ သေဆုံးခဲ့တာဖြစ်ပါတယ်။

သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ နိုင်ငံကနေထွက်ပြေးပြီးနောက် ၀န်ကြီးချုပ် ရာနေးလ်ဝီခရီမီဆင်းကို ယာယီသမ္မတအဖြစ် ခန့်အပ်လိုက်ပါတယ်။

ဒါပေမယ့် သူ့ကိုလည်း ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ မနေ့ကညနေပိုင်းက ၀န်ကြီးချုပ်ရုံးနဲ့ လွှတ်တော်မှာ ဆန္ဒပြသူတွေပါ၀င်တယ်လို့ ကိုလံဘိုဆေးရုံက တာ၀န်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ည ၁၂ နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားပါတယ်။

ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့ ရုံးတွေနဲ့ အခြားအစိုးရအဆောက်အအုံတွေကို စွန့်ခွာဖို့နဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ယာယီသမ္မတ ဝီခရီမီဆင်းက ဆန္ဒပြသူတွေကို တိုက်တွန်းထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #vom #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW