စစ်တွေမြို့ပေါ် ဆတ်ရိုးကျချောင်းကမ်းပါးမှာ ဓားဒဏ်ရာနဲ့ လူသေအလောင်း တလောင်းတွေ့

ဇူလိုင် ၁၄- ၂၀၂၂
SW (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တော်မှာ ဒီကနေ့ ဇူလိုင် ၁၄ ရက် မနက် ၇ နာရီခွဲလောက်က မြို့ပေါ်ရှိ ဆတ်ရိုးကျ ချောင်းကမ်းပါး၊ ဆတ်ရိုးကျကယ်ဆယ်ရေးတံတားအောက်မှာ ဓားထိုးဒဏ်ရာ ၃ ချက်နဲ့ သေဆုံးနေသူ အလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကနေ သိရပါတယ်။

သေဆုံးသူဟာ စစ်တွေမြို့နယ် မင်းဒရားချိုင်ကျေးရွာကဖြစ်ပြီး ငါးဖမ်းလုပ်ငန်းလှေပေါ်မှာ အငှားလိုက်နေသူတဦးဖြစ်တယ်လို့ အလောင်းကို ကူညီသယ်ယူခဲ့သူတဦးက ပြောပါတယ်။

“ကျနော်တို့အသင်းက အဲဒီကို ၇ နာရီ ၃၅ အချိန်လောက်မှာ ရောက်သွားတယ်။ ရောက်သွားတော့ ဓားထိုးဒဏ်ရာတွေနဲ့ လူသေလောင်းကို တွေ့တယ်လို့ ကျနော့်တပည့်လေးတွေ သတင်းပို့လာပါတယ်”လို့ ရွှေရောင်မေတ္တာဖောင်ဒေရှင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါက ပြောပါတယ်။

သေဆုံးသူရဲ့ရင်ဘတ်မှာ ဓားဒဏ်ရာ(၂) ချက်နဲ့ ကျောကုန်းမှာ ဓားဒဏ်ရာ တချက်အပြင် မျက်နှာမှာလည်း ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေတွေ့ရတယ်လို့ သိရပါတယ်။

​အဲ့ဒီအလောင်းတွေ့ရှိတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းက ရဲလုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေဆယ်လို့လည်း သိရပါတယ်။

စစ်တွေမြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၀၊ ၂၀၂၁ ခုနှစ်တွေအပြင် လက်ရှိ ၂၀၂၂ ခုနှစ်တွေမှာလည်း ဒီလိုမျိုး လူသေလောင်းတွေ တွေ့ရှိမှု ခပ်စိပ်စိပ်ဖြစ်လာပြီး မြို့နေလူထုကြား စိုးရိမ်မှုတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မေလကလည်း စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူးကို ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးတဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #ဓားဒဏ်ရာနဲ့အလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW