ဆားလင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယအကြိမ် မီးရှို့ခံရ

ဇူလိုင် ၊ ၁၄ -၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ ၊ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ မြို့နယ်အထွေထွေရွေးကော်ပွဲကော်မရှင်ရုံးဟာ မနေ့ ဇူလိုင် ၁၃ ရက် ညနေပိုင်း ၆ နာရီဝန်းကျင်က ဒုတိယအကြိမ်မီးရှို့ခံလိုက်ရတယ်လို့ ဆားလင်းကြီးမြို့ခံတွေဆီက သိရပါတယ်။

” ဒါရောဆို မီးရှို့ခံရတာ ၂ ကြိမ်ရှိပြီး ၊ ပြီးခဲ့တဲ့ရက်ပိုင်းက ရှို့ခံရတာက ရုံးသုံးပရိဘောဂတွေ ပျက်စီးတယ် ၊ အခု တကြိမ်က ရုံးထဲက ရွေးကောက်ပွဲသုံး ပစ္စည်းတွေနဲ့ အဆောက်အဦးပါ လောင်သွားတာ “လို့ ဆားလင်းကြီး မီးသတ်တပ်ဖွဲ့အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်ရုံးအဖွဲ့နဲ နီးစပ်သူတယောက်က “ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက် နေ့လယ် ၁ နာရီက ၁ ကြိမ် အရှို့ခံရတယ် ၊ မနေ့က နောက် ၁ ကြိမ် ထပ်ရှို့ခံရပြန်တယ် ၊ နောက်ထပ် ရှို့စရာ မကျန်တော့ဘူး “လို့ ပြောပါတယ်။

အဲ့ဒီရွေးကောက်ပွဲကော်မရှင်ရုံး မီးလောင်တာနဲ့ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု ကာလခန့်မှန်းတန်ဖိုးကို ဆားလင်းကြီး မီးသတ်ရုံးက ဖြေကြားတာ မရှိခဲ့ပါဘူး။

ဆားလင်းကြီးမြို့နယ်မှာ ဌာနဆိုင်ရာရုံးတွေ လက်နက်ကြီးနဲ့ ပစ်ခံရတာ ၊ ဆက်သွယ်ရေး တာဝါတိုင်တွေ မိုင်းခွဲခံရတာအပြင် ပြီးခဲ့တဲ့လက လျှပ်စစ်တာဝါတိုင်ပါ မိုင်းခွဲခံရတာလို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး #ရွေးကော်ရုံး #ဒုတိယအကြိမ်မီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW