ဒီပဲယင်း မီးဘေးသင့်ပြည်သူတွေ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြန်လည်ထူထောင်ရေးခက်ခဲနေ

ဇူလိုင် ၁၅-၂၀၂၂
Voice Of Myanmar

ပိုင်ဆိုင်သမျှ အိုးအိမ်စည်းစိမ်တွေ မီးလောင်ဆုံးရှုံးမှုကြောင့် စားဝတ်နေရေးကျပ်တည်းမှုတွေနဲ့ အခက်အခဲမျိုးစုံကြုံတွေ့နေကြရတဲ့ မီးဘေးသင့်ပြည်သူတွေ စစ်ကိုင်းတိုင်းဒေသကြီးမှာ အများအပြားရှိနေပါတယ်။

အဲ့ဒီအထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် (၈) ရက်နေ့က နေအိမ် (၂၆) လုံးမီးလောင်ဆုံးရှုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ ပျံကျ(အေးသာယာ)ရွာ မီးဘေးသင့်ပြည်သူတွေလည်း အပါအဝင်ဖြစ်ပါတယ်။

အဲ့ဒီမီးဘေးင့်ပြည်သူတွေဟာ လယ်ကူလီအငှားလုပ်ကိုင်စားသောက်နေရသူတွေ အများစုပါဝင်နေတယ်လို့ သိရပါတယ်။

တောင်သူအလုပ်ကို အဓိကလုပ်ကိုင်ကြပြီး မကြာခဏစစ်ဘေးရှောင်နေရတာကြောင့် တောင်သူအလုပ်ကိုလည်း ထိထိရောက်ရောက်မလုပ်ကိုင်နိုင်ကြတာကြောင့် တောင်သူတွေကို အမှီပြုလုပ်ကိုင်နေရတဲ့ မီးဘေးသင့်ပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးနဲ့ ပြည်လည်ထူထောင်ရေးအတွက် အခက်အခဲမျိုးစုဲကြုံတွေ့နေကြပါတယ်။

အခုလိုအခြေအနေတွေကြောင့် အဲ့ဒီဒေသကလူငယ်တချို့ဟာ မိသားစုစားဝတ်နေရေးအတွက် ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ စဉ်းစားလာကြပြီး နိုင်ငံကူးလက်မှတ်ရဖို့ မလွယ်ကူတဲ့အခြေအနေတွေကြောင့် မိဘဖြစ်သူတွေကလည်း စိတ်မချဖြစ်နေရတယ်လို့ ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအကျပ်အတည်းတွေကြားမှာ အိုးအိမ်စည်းစိမ်တွေပျက်ဆီးဆုံးရှုံးပြီး အနာဂတ်တွေပျောက်ဆုံးနေကြရတာကြောင့် နိုင်ငံရေးအမြန်ဆုံးတည်ငြိမ်အေးချမ်းဖို့ကိုလည်း လိုလားနေကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒီပဲယင်း

YouTube Link – https://youtu.be/_hoCtQQfqC8

Related posts

Leave a Comment

VOM News

FREE
VIEW