ငရုတ်ကောင်းမြို့မှာ ဝါဆိုလှိုင်းခုန်ပွဲသွားတဲ့ ဒေသခံအမျိုးသား ၄ ယောက် ရေနစ်သေဆုံး

ဇူလိုင်၊ ၁၅ ၊၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ငပုတောမြို့နယ်၊ငရုတ်ကောင်းမြို့မှာ
ဇူလိုင် ၁၃ ရက်ကပြုလုပ်တဲ့ ဝါဆိုလှိုင်းခုန်ပွဲသွားတဲ့လမ်းမှာ အမျိုးသား ၄ ယောက်ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီရှာဖွေရေးလုပ်နေတဲ့ဒေသခံပရဟိတအဖွဲ့ဆီ
ကနေသိရပါတယ်။

ငရုတ်ကောင်းမြို့ဒရယ်ကျွန်းကမ်းခြေမှာ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၃ ကပြုလုပ်တဲ့ ဝါဆိုလှိုင်းခုံပွဲကို ရေကစားဖို့သွားရင်း အခုလိုရေနစ်သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

”အဲ့ဒီကမ်းခြေမှာလုပ်တဲ့ဝါဆိုလှိုင်းခုန်ပွဲကို သွားရင်းဖြစ်တာ အမျိုးသားတွေပါ၊ ဖြစ်တာကတော့ဦးအေးထွန်းဆိုသူက မိုးတိမ်ပြင်ကျေးရွာအုပ်စု ကျွန်းလေးချောင်းကနေ ဒရယ်ကျွန်းဘက်ကမ်းကို ဖြတ်ကူးတဲ့အချိန်မှာ ရေစီးထဲမျောပါသွားတာ၊ဦးအေးထွန်းနဲ့အတူပါလာတဲ့ ၃ ယောက်က လိုက်ဆယ်ရင်း ၄ ယောက်လုံးပင်လယ်ထဲကို မျောပါသွားတာပါ။”လို့ဒေသခံပရဟိတအဖွဲ့ဝင် တယောက်ကပြောပါတယ်။

ရေနစ်သေဆုံးခဲ့ရတဲ့အမျိုးသား ၄ ယောက်ဟာ ရေကျော်ကျေးရွာအုပ်စု၊ရေကျော်ရွာက အသက် ၄၀ ခန့်အရွယ် ဦးမျိုးကိုကို(ခ)ဖိုးချို၊အသက် ၅၆ နှစ်အရွယ် ဦးအေးထွန်း၊အသက် ၄၉ နှစ်ဦးဇော်မြင့်နိုင်နဲ့အသက် ၄၈ နှစ်အရွယ် ဦးဆန်းအောင်တို့ဖြစ်တယ်လို့သိရပါတယ်။

ရေနစ်သေဆုံးခဲ့ရတဲ့သူတွေရဲ့မိသားစုဝင်တွေက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းရှာဖွေတဲ့အခါ ဇူလိုင် ၁၃ ရက် ညနေပိုင်းက ဒရယ်ကျွန်းကမ်းခြေတစ်နေရာမှာ ဦးဖိုးချိုရဲ့အလောင်းကိုတွေ့ခဲ့ရပြီး ကျန်တဲ့ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ဇူလိုင် ၁၅ ရက်မနက်အထိ ပြန်မတွေ့သေးဘူးလို့သိရပါတယ်။

ငပုတောမြို့နယ်အတွင်း ကမ်းခြေဒေသတွေမှာ နှစ်စဉ်ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ရောက်တိုင်း ဝါဆိုလှိုင်းခုန်ပွဲတော်ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

#voiceofmyanmar #VOM #ငရုတ်ကောင်း

Related posts

Leave a Comment

VOM News

FREE
VIEW