ပြည်ပချေးငွေကို အတိုးရော အရင်းပါ ပြန်ဆပ်ခြင်း ရပ်ထားဖို့ ဗဟိုဘဏ်​ထုတ်ပြန်

ဇူလိူင် ၁၅-၂၀၂၂
VOM (GG )

ပြည်တွင်းမှာ နေထိုင်သူတိုင်း ချေးယူထားတဲ့
ပြည်ပ ချေးငွေတွေကို အခုကာလမှာ အတိုး ၊ အရင်း ပြန်လည်ပေးဆပ်ခြင်းကိစ္စ ယာယီရပ်ထားဖို့ ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြီး အသိပေးပြောဆိုလိုက်ပါတယ်။

” ဒေါ်လာလိုအပ်ချက်တခုထဲကိုပဲကြည့်ပြီး စာထုတ်တယ်လို့မြင်တယ်။ ပြည်ပချေးငွေက သူတို့ပြောသလို မဆပ်ဘဲဆိုင်းငံ့ရမလား မရဘူးလားတော့ မသိပေမယ့် အလုပ်တွေကတော့ ရပ်မရဘူး။ မဆပ်နဲ့ဆိုတိုင်းလည်း နေလို့မရတာ ရှိတယ်မလား။ ပြန်မဆပ်လို့ လုပ်ငန်းတွေအခက်အခဲဖြစ်လာမလား မပြောတတ်သေးဘူး။အခြေအနေတွေကစောင့်ကြည့်ရမှာများနေတယ်။ကြိုပြောလို့ကိုမရတော့ဘူး ” လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအရ ပြည်တွင်းမှာနေထိုင်သူတွေအနေနဲ့ ပြည်ပမှ ငွေသားဖြစ်စေ၊ ပစ္စည်းဖြစ်စေ ရယူထားတဲ့ ပြည်ပချေးငွေအသီးသီးကို အတိုးနဲ့အရင်း ပြန်လည်ပေးဆပ်ခြင်းကို လတ်တလောကာလမှာ ဆိုင်းငံ့ဆောင်ရွက်ကြဖို့ဆိုပြီး ဇူလိူင်လ ၁၃ ရက်နေ့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ဒါ့ကြောင့် AD လိုင်စင်ရဘဏ်တွေအနေနဲ့ မိမိ ဘဏ် customer တွေ၊ ပြည်ပချေးငွေရယူထားတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေကို ချေးငွေအတိုးနဲ့အရင်း ပြန်လည်ပေးဆပ်ရမယ့် အစီအစဉ် (Repayment Schedule)ကို ပြည်ပရှိ ငွေချေးငှားသူ (Lender) တွေနဲ့ညှိနှိုင်းပြီး လိုအပ်သလိုပြင်ဆင်ဆောင်ရွက်ဖို့ ဗဟိုဘဏ်က ပြောဆိုထားပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး ဗဟိုဘဏ် ဒုတိယဥက္ကဌဦးဝင်းသော်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #ပြည်ပချေးငွေ #အတိုးရောအရင်းပါပြန်ဆပ်ခြင်းရပ်ထားဖို့ #ဗဟိုဘဏ်ပြော

Related posts

Leave a Comment

VOM News

FREE
VIEW