ဂျပန်မှာ အိုမီခရွန်ဘီအေ-၅ ကြောင့် ကိုဗစ်-၁၉ ကူးစက်မှု တစ်သိန်းကျော်ထိ စံချိန်တင်မြင့်တက်လာ

တိုကျို၊ ဇူလိုင်-၁၆-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ ဇူလိုင် ၁၅ ရက်မှာ တသိန်းကျော်ထိ စံချိန်တင်မြင့်တက်လာကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ဒါဟာ ဖေဖော်ဝါရီလနောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ပတ်ကထက် နှစ်ဆပိုမိုနေကာ ကူးစက်မှုစုစုပေါင်းရဲ့ ငါးပုံတပုံကတော့ တိုကျိုဒေသမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ပတ်အတွင်း အခြေအနေတွေဟာ သိသိသာသာပြောင်းလဲခဲ့ပြီး ဒီအခြေအနေအတွက် လွန်စွာ စိုးရိမ်ပူပန်ကြောင်း ကျန်းမာရေးတာ၀န်ရှိသူတဦးက ပြောပါတယ်။ ကူးစက်မှုမြင့်တက်လာရခြင်းဟာ အလွန်ကူးစက်မြန်တဲ့ အိုမီခရွန်မျိုးကွဲ ဘီအေ-၅ ကြောင့်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံတွင်းမှာ ကန့်သတ်ချက်သစ်တွေ ချမှတ်ဖို့ အစီအစဉ်မရှိသေးကြောင်း ၀န်ကြီးချုပ် ကီရှီဒါကထုတ်ဖော်ပြောဆိုထားပြီး သတိပေးချက်များကို ယခုအတိုင်းထားရှိသွားမည်ဖြစ်ကာ ဆေးဘက်ဆိုင်ရာ စွမ်းရည်ကို မြှင့်တင်ရန် အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ စတုတ္ထမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံတာတွေကို ဂျပန်အစိုးရက ဆက်လက်လုပ်ဆောင်နေပြီး နယ်စပ်လူ၀င်မှုဆိုင်ရာ ဖြေလျှော့မှုတွေကိုတော့ လက်ရှိမှာ ပြောင်းလဲခြင်းမရှိသေးပါဘူး။

Ref: NHK
Photo:Japan Times
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW