ရန်ကုန်က မြို့နယ်အချို့မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်၍ နှစ်ဦးသေ နှစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ဇူလိုင် ၁၇ ၊၂၀၂၂
KK(VOM)

ရန်ကုန်က ရွှေပြည်သာ၊ တောင်ဒဂုံနဲ့ ဒလမြို့နယ်တွေမှာ ဒီကနေ့ ဇူလိုင် ၁၇ရက် မနက်ပိုင်းက ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့်
နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့
နယ်ခံတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ် ၁၅ ရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းကလ္ဘက်ရည်ဆိုင်ထိုင်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို အမည်မသိလူနှစ်ဦးက ပစ်ခတ်ခဲ့လို့ ရာအိမ်မှုးတဦး သေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူက ပြော
ပါတယ်။

“ရုံးနားက လ္ဘက်ရည်ဆိုင်မှာ ဖြစ်တာ ရာအိမ်မှုးတွေထိုင်နေတုန်း ဝင်ပစ်သွားတာ လူနာတင်ယာဥ်တွေတော့ လာသယ်သွားတာတွေ့တယ် တယောက်သေပြီး တယောက်ဒဏ်ရာရတယ်
“လို့ သူကပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဥ်မှာ မှန်ကန်ပြီး ရာအိမ်မှုးဦးဝင်းနိူင်နဲ့ဦးထွန်းမင်းတို့ နှစ်ဦးအနက် ဦးဝင်းနိူင်မှာ သေဆုံးသွားတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

လက်တလောမှာ စစ်တပ်နဲ့ရဲတွေအပြင် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေပါ ၁၅ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာရောက်ရှိပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ရပ်ကွက်နေ
သူတွေဆီက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာပင် တောင်ဒဂုံ ၁၄၇ ရပ်ကွက် လှော်ကားလမ်းမကြီးပေါ်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးနှစ်လုံးကိုတွေ့လို့ စစ်တပ်က လာရောက်ဖယ်ရှားခဲ့တယ်လို့
အဆိုပါရပ်ကွက်နေသူတဦးက ပြောပါတယ်။

ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ခရေလမ်းအနီးမှာ မနေ့ညနေပိုင်းက ဆိုက်ကားတစီးပေါ်မှာ ဗုံးပေါက်ကွဲခဲ့လို့ ဆိုက်ကားနင်းသူ ဒဏ်ရာရရှိပြီး ခရီးသည်တစ်ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

သေဆုံးသူမှာခရီးသည် ဦးအောင်ကိုဦးဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ဆိုက်ကားနင်းသူ ကိုသိန်းထိုက်ဖြစ်ကာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သူကပြောပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ ဇူလိုင် ၁ ရက်မှ ၁၇ ရက်နေ့အထိ ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် ၈ဦးသေဆုံးကာ ၁၇ ဦးနဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ဒဂုံ #ရွှေပြည်သာ #ဒလ #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW