ကျောင်းကုန်းမှာ ဘဏ်အတွင်းကို လူ ၇ ဦးထက်ပိုပြီးဝင်ခွင့်မပေးဖို့နဲ့ငွေလာထုတ်သူတွေ CCTV ရှေ့မှာ မျက်နှာပြရမယ်

ဇူလိုင် ၁၈-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ်ရှိ ပုဂ္ဂလိက ဘဏ်တွေမှာ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ကိုင် ပေးတဲ့အခါ ငွေလာထုတ်သူ ၇ ယောက်ထက်ပိုပြီးတော့ ဘဏ်အတွင်းကိုဝင်ရောက်ခွင့်မပေးဖို့နဲ့ ဘဏ်မှာတပ်ဆင်ထားတဲ့ CCTV ရှေ့မှာ မတ်တပ်ရပ်၊မျက်နှာပြပြီးမှ ဝင်ရောက်ခွင့်ပြုဖို့ ညွှန်ကြားထားတယ်လို့ ဘဏ်လုံခြုံရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။

အဲ့ဒီစည်းကမ်းချက်တွေကို မလိုက်နာရင် အရေးယူသွားမှာဖြစ်ပြီး ဒီလ ဒုတိယအပတ်ကနေ စတင်ညွှန်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

”ဘဏ်ငွေလာထုတ်တဲ့ ဘယ်သူမဆို လူ ၇ ယောက်ထက် ပိုဝင်ခွင့်မပြုဖို့၊ လူ ၇ ယောက် တသုတ်ချင်းစီထုတ်ပေးဖို့၊ ဘဏ်လာတဲ့ဘယ်သူမဆို ဘဏ်မှာတပ်ဆင်ထားတဲ့ CCTV တွေရဲ့အရှေ့မှာ မျက်နှာပြဖို့ ညွှန်ကြားလာတာပါ၊ အဲ့ဒီစည်းကမ်းတွေ မလိုက်နာရင်အရေးယူခံရမှာပါ”လို့ ဘဏ်လုံခြုံရေးဝန်ထမ်းတဦးကပြောပါတယ်။

အဲ့ဒီညွှန်ကြားချက်ကို ကျောင်းကုန်းမြို့နယ်က ကမ္ဘာ့ရတနာဘဏ်၊ဧရာဝတီဘဏ်၊ MOBဘဏ်စတဲ့ ဘဏ်တွေကိုစတင်ညွှန်ကြားထားပြီဖြစ်တယ်လို့ သိရပါတယ်။

”လူဆိုးတွေကြောင့် လူကောင်းတွေနေရာပျောက်ရတယ်ဆိုတဲ့အချိန်ရောက်နေပါပြီ၊ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့သူတွေက ဘဏ်ပိုက်ဆံသွားထုတ်ရင် အကန့်အသတ်တွေနဲ့ကြုံရတော့မယ်၊ဘဏ်ငွေထုတ်တဲ့ကိစ္စ အဆင်ပြေခါစရှိသေး ထပ်ကန့်သတ်ခံရတော့ မလိုအပ်တဲ့အချိန်တွေကုန်ရတယ်။”လို့ ကျောင်းကုန်မြို့ခံတဦးက သူရဲ့အမြင်ကိုပြောပါတယ်။

၂၀၂၁ ဖေဖော်၀ါရီ၁ရက်နေ့နောက်ပိုင်း မြို့ကြီးတွေ ရဲ့ဘဏ်တွေအချို့မှာ ဓားပြတိုက်မှုတွေနဲ့ ဗုံးခွဲခံရမှု
တွေ ဆက်တိုက်ဖြစ်ပွားလာပြီးနောက်ပိုင်း ကျောင်းကုန်းဘက်မှာ အခုလိုညွန်ကြားလာတာဖြစ်တယ်လို့ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

#voiceofmyanmar #VOM #ကျောင်းကုန်း

Related posts

Leave a Comment

VOM News

FREE
VIEW