လင်းနို့မှတဆင့် ကူးစက်တဲ့ မားဘတ်ဗိုင်းရပ်စ်ကြောင့် ဂါနာမှာ လူနှစ်ဦးသေဆုံး၊ ၁၀၀ နီးပါး ကွာရန်တင်း၀င်နေရ

အက်ခရာ၊ ဇူလိုင်-၁၈-၂၀၂၂
မျိုးဆက်(VOM)

ဂါနာနိုင်ငံမှာ အီဘိုလာရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်အုပ်စု၀င် ကူးစက်မြန် မားဘတ်ဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးသေဆုံးသွားသည်။

အဲဒီလူနာနှစ်ဦးဟာ ဂါနာနိုင်ငံတောင်ပိုင်း အက်ရှန်တီဒေသရှိဆေးရုံမှာ မကြာသေးမီက သေဆုံးသွားခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၁၇ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

သေဆုံးသူတွေမှာ မားဘာ့ဗိုင်းရပ်စ်ကူးစက်နေကြောင်း ယခုလအစောပိုင်းမှာ အတည်ပြုခဲ့ပြီး နမူနာတွေကို ဆီနီဂေါရှိ ဓါတ်ခွဲခန်းမှာ စစ်ဆေးလျှက်ရှိကာ လူ ၁၀၀ နီးပါးကို ကွာရန်တင်းထားပြီး စောင့်ကြည့်နေကြောင်း ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။

မားဘတ်ဗိုင်းရပ်စ်အတွက် ကုသဖို့ ဆေးဝါးမရှိသေးပါဘူး။ ဒါပေမယ့် ရေများများသောက်ပြီး ရောဂါလက္ခဏာတွေကို ကုသခြင်းက လူနာရဲ့အသက်ရှင်နိုင်ခြေကို တိုးတက်စေတယ်လို့ ဆရာ၀န်တွေက အကြံပြုထားပါတယ်။

အဲဒီဗိုင်းရပ်စ်ဟာ လင်းနို့တွေကတဆင့် လူတွေကို ကူးစက်ခြင်းဖြစ်ပြီး လူ့ခန္ဓာကိုယ်အရည်တွေမှတဆင့် လူလူချင်း ကူးစက်စေတတ်ပါတယ်။

မားဘတ်ဗိုင်းရပ်စ်ကူးစက်မှုဟာ ဂီနီမှာ ယမန်နှစ်က ကူးစက်မှုဖြစ်ပွားခဲ့ဖူးပြီး ဂါနာဟာ အဲဒီဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားတဲ့ ဒုတိယမြောက် အနောက်အာဖရိက နိုင်ငံဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #အက်ခရာ

Related posts

Leave a Comment

VOM News

FREE
VIEW