ဒေါက်တာဇော်မြင့်မောင် ထောင်ဒဏ် ၃နှစ် ထပ်မံအမိန့်ချခံရ

ရန်ကုန်၊ဇူလိုင် ၂၀၊၂၀၂၂
KK(VOM)

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို ဒီကနေ့နေ့လယ်ပိုင်းက အိုးဘိုအကျဥ်းထောင်ရှိထောင်တွင်းအထူးတရားရုံးကနေ ပုဒ်မ ၁၃၀(က)နဲ့ထောင်ဒဏ်(၃)နှစ် ထပ်မံအမိန့်ချမှတ်လိုက်တယ်လို့ ရှေနေအသိုင်းအဝိုင်းက သိရပါတရပါတယ်။

မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ညွန်ကြားရေးတဦးက ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၁၃၀(က)နဲ့တရားစွဲဆိုခဲ့တဲ့အမှုကို ဒီကနေ့မှာအမိန့်ချခဲ့တာဖြစ်တယ်လို့ ရှေ့နေတဦးက ပြောပါတယ်။

“အရင်က အမိန့်ချထားတဲ့ အမှုတွေနဲ့ဆို စုစုပေါင်းထောင်ဒဏ် ၂၉ နှစ်ကျခံရမှာ ကျန်တဲ့အမှုတော့ မရှိတော့ဘူး၊ အယူခံဆက်တက်မယ် မတက်မယ်ဆိုတာတော့ မသိသေးဘူး”လို့ သူကရှင်းပြပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကလည်း အဂတိပုဒ်မ ၅၅ နဲ့အမှုငါးမှုအတွက် ထောင်ဒဏ် ၂၁နှစ် အိုးဘိုအကျဥ်းထောင်က အမိန့်ချခဲ့တာလည်းရှိပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကလည်း ဒေါက်တာဇော်မြင့်မောင်ကို ၅၀၅(ခ)အမှု၊ ပုဒ်မ၁၇၁(စ)အမှုတွေအတွက် စုစုပေါင်းထောင်ဒဏ် ၅နှစ်ကို ချမှတ်ခံထားရပါတယ်။

လက်တလောမှာ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်အနေနဲ့ စုစုပေါင်း ထောင်ဒဏ် ၂၉ကို ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒေါက်တာဇော်မြင့်မောင် #ထောင်၃နှစ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW