ပြင်သစ်စွမ်းအင်ကုမ္ပဏီ TotalEnergies မြန်မာနိုင်ငံမှ အပြီးထွက်ခွာပြီ

ပါရီ၊ ဇူလိုင်-၂၀-၂၀၂၂
မျိုးဆက်(vom)

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ TotalEnergies ဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ကိုင်နေတဲ့ စီမံကိန်းတွေကနေ အပြီးနှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဇူလိုင်၂၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေဆိုးရွားလာပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကြောင့် မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ စွမ်းအင်စီမံကိန်းကနေ နှုတ်ထွက်မယ်လို့ TotalEnergies က ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။

TotalEnergies ကုမ္ပဏီဟာ မြန်မာနိုင်ငံက ရတနာသဘာ၀ဓါတ်ငွေ့စီမံကိန်းမှာ အစုရှယ်ယာ ၃၁ ဒသမ ၂၄ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး အမေရိကန် Chevron ကုမ္ပဏီက ၂၈ ဒသမ ၂၆ ရာခိုင်နှုန်းနဲ့ ထိုင်း PTTEP ကုမ္ပဏီက ၂၅ ဒသမ ၅ ရာခိုင်နှုန်းနဲ့ မြန်မာ့ရေနံနဲ့ စွမ်းအင်၀န်ကြီးဌာနက ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

လက်ရှိမှာတာ့ TotalEnergies ပိုင်ဆိုင်တဲ့ အစုရှယ်ယာတွေကို ထိုင်း PTTEP ကုမ္ပဏီက လွှဲပြောင်း၀ယ်ယူထားပါတယ်။

ဒီနှုတ်ထွက်မှုဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုနဲ့အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ TotalEnergies ကထုတ်ပြန်ထားပါတယ်။

TotalEnergies ဟာ မြန်မာနိုင်ငံကနေ ပြတ်ပြတ်သားသားနှုတ်ထွက်လိုက်တာဟာ မိမိတို့အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထပ်ခါတလဲလဲ ရှုတ်ချကြောင်းနဲ့ မြန်မာပြည်သူတွေကို ထောက်ခံနေပြီး ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အမြန်ရရှိဖို့ မျှော်လင့်ကြောင်း TotalEnergies ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: Market Watch/ TotalEnergies’s Press Relaease
Photo: Reuters
#voiceofmyanmar #VOM #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW