သမ္မတရုံးအနီးက သီရိလင်္ကာအစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို ရာနဲ့ချီတဲ့ ရဲနဲ့စစ်သားတွေ ဖြိုခွဲ

ကိုလံဘို၊ ဇူလိုင်-၂၂-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာလုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ အစိုးရဆန့်ကျင်ရေး အဓိကသပိတ်စခန်းတစ်ခုကို ဇူလိုင် ၂၂ ရက် နံနက်အစောပိုင်းမှာ ၀င်ရောက်စီးနှင်းခဲ့ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးကာ ဆန္ဒပြသူများပြုလုပ်ထားတဲ့ ယာယီတဲတွေကို ဖျက်ဆီးခဲ့ပါတယ်။

ရာနဲ့ချီတဲ့ ရဲနဲ့စစ်သားတွေဟာ ကိုလံဘိုမြို့ သမ္မတရုံးပြင်ပမှာ စခန်းချပြီးဆန္ဒပြနေသူတွေကိုဖြိုခွင်းခဲ့တာဖြစ်ပြီး ဆန္ဒပြသူနှစ်ဦး ဒဏ်ရာရရှိကာ ကိုးဦးဖမ်းဆီးခံရခဲ့ရပါတယ်။

ဒါဟာ သမ္မတရုံးကို ပြန်လည်ထိန်းချုပ်ဖို့ အထူးစစ်ဆင်ရေးဖြစ်တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။

သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ နိုင်ငံမှထွက်ပြေးပြီးနောက် ၀န်ကြီးချုပ်ဖြစ်သူ ၀စ်ခရီမီဆင်းက သမ္မတသစ်အဖြစ် ဇူလိုင် ၂၁ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

၀န်ကြီးချုပ်ဟောင်းဖြစ်သူ သမ္မတ၀စ်ခရီမီဆင်းဟာ ပြည်သူတွေအကြားမှာ ရေပန်းစားလူကြိုက်များသူ တစ်ဦးမဟုတ်ကြောင်း ရှုမြင်ခြင်းခံထားရသူဖြစ်ပြီး ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ သူက ကတိပြုထားပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် လပေါင်းများစွာ မငြိမ်မသက်မှုတွေ ဖြစ်ပွားနေပြီး ယခင်အစိုးရရဲ့ဘဏ္ဍာရေးဆိုင်ရာ လွဲမှားစွာကိုင်တွယ်မှုအပေါ် ပြည်သူအများစုက အပြစ်တင်နေကြပါတယ်။

Ref; BBC
Photo:Getty Imges
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW