ကော့ကရိတ်- မြဝတီအာရှလမ်းမှာ ဘောက်ဆာကားတစီး ပစ်ခတ်ခံရ

ဇူလိူင် ၂၃-၂၀၂၂
VOM (GG)

ကော့ကရိတ်- မြဝတီ အာရှလမ်း၊ ကော့နွဲ့ကရွာအနီးမှာ ဓာတ်ငွေ့လောင်စာ တင်လာတဲ့ ဘောက်ဆာကားတစ်စီး ပစ်ခတ်ခံရမှု ဒီကနေ့ဇူလိုင် ၂၃ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” သတင်းပဲကြားတယ် ၊ဖြစ်တာက ကော့ကရိတ်အထွက်မှာပေါ့။ အဲ့ဒီဘက် သွားရတာမရှိဘူး။ ထိခိုက်တာ မရှိဘူးလို့တော့ကြားတယ်။ ဂတ်စ်တင်လာတာလို့ပြောတာပဲ သေချာတော့မသိရဘူး၊ လေယာဥ်ဆီတော့မဟုတ်ပါဘူး ၊ကားမီးလောင်သွားတယ်လို့ကြားတယ်”လို့ ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။

ဘောက်စ်ဆာကား ​ပစ်ခတ်ခံရပြီးနောက် မြဝတီအာရှလမ်းတလျှောက် စစ်တပ်ကစစ်ဆေးတာတွေလုပ်ခဲ့ပြီး ၊ ပစ်ခတ်သံတွေလည်း ကြားရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဘောက်ဆာကား ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

#voiceofmyanmar #VOM #ကော့ကရိတ် #ဘောက်ဆာကားပစ်ခတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW